Allwinner A13/23/32 Tablet firmware Download နဲ့ တင်နည်း
အခုနောက်ပိုင်း တရုတ်
tablet တော်တော်များများက Allwinner A23 chip
တွေနဲ့ပဲလာတော့ပါတယ်..အဲဒီမှာ အရင် A13 ပဲတွေ့ဖူးနေတော့
firmware
တင်ဖို့အခက်တွေ့ရပါတယ်
(အရင်ဆုံးလုပ်ရမှာက မိမိစက်ထဲမှာရှိတဲ့ antivirus
တွေအကုန်လုံး disable လုပ်ဖို့ပါ) ပေးထားတဲ့လင့်ထဲက suite
လေးကိုဒေါင်းပြီး ဖြည်ချလိုက်ပါ အဲဒီထဲက PhoenixUSBPro.exe ကို run
လိုက်ပါ(ပုံ-၁) ပြီးလျှင် suite ထဲက KEY ဆိုတဲ့ buttom လေးကို နှိပ်ပြီး
ဒေါင်းလို့ရလာတဲ့ထဲက KEY file လေးကိုရွေးပေးလိုက်ပါ (ပုံ-၂/၃) အဲဒီနောက်
IMAGE buttom ကိုနှိပ်ပြီး သက်ဆိုင်ရာ firmware image file
ကိုရွေးပေးလိုက်ပါ (ပုံ-4) (Firmware ကတော့ မိမိ Mainboard မှာပါတဲ့ ID
အတိုင်းရှာဒေါင်းလိုက်ပေါ့) ကျွန်တော်စမ်းသပ်အောင်မြင်ထားတဲ့ firmware ကို
လင့်ပေးထားပါတယ် လိုအပ်တယ်ဆိုဒေါင်းထားလိုက်ပေါ့ (ပုံ-၅) ပြီးရင် START
buttom ကိုနှိပ်လိုက်ပါ (ပုံ-၆) အဲဒီမှာ ညာဘက်ဒေါင့်နားလေးမှာ
အမှတ်ခြစ်အစိမ်းရောင်လေးပေါ်လာရပါမယ်
ချက်ချင်းမပေါ်လျှင်စောင့်လိုက်ပါ(ပုံ-၇) အဲဒီနောက်မှာတော့ tablet မှ Vol +
ကိုနှိပ် USB ကြိုးထိုးပြီး Power buttom ကို ခုနစ်ချက်နှိပ်ပါ driver
searching လုပ်ပါမယ် driver မသိလျှင် My computer > right click >
properties > device manager > ထဲက unknown device ကို right click
> update driver software ကိုနှိပ် Browse my computer for driver
software > Browse > လုပ်ပြီး ဒေါင်းလို့ရလာတဲ့ထဲက USB driver folder
ကိုညွှန်းပေးပြီး next လုပ်လိုက်လျှင် driver သိသွားပါမယ် (ပုံ-၈)
အဲဒီနောက်မှာတော့ suite က firmware တင်ခြင်းကို စတင်နေပါပြီ (ပုံ-၉) မှာ
အနီပြထားတဲ့အကွက်ထဲမှာ % တွေတက်လာပြီး 100% ပြည့်လျှင်တော့ firmware
တင်ခြင်းပြီးဆုံးပါပြီ.....အားလုံးအဆင်ပြေကြပါစေ...
ဖိုင်ကို ဒီမှာဒေါင်းပါ
အဆင်ပြေနိုင်ကြပါစေ။ ။
No comments:
Post a Comment