ဒီနှစ်ဟာ အမေရိကန် နိုင်ငံ အတွက် တော့ အင်တာနက် အကောင်းဆုံး နှစ် တစ်နှစ်
ဖြစ်လို့လာပါပြီ။ Net Neutrality ကာကွယ် မှုတွေကို ပိုမို လိုအပ်ရုံတင်
မဟုတ်ပဲ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှ download အမြန်နှုန်းဟာ မနှစ်က 10 Mbps
အထိရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ ပျမ်းမျှ
download အမြန်နှုန်းဟာ 33.9 Mbps အထိရှိလာခဲ့ပါတယ်။
ထို အနေအထားဟာ အမေရိကန်ပြည်ထောင်စုကို ဥရောပနိုင်ငံ တော်တော်များများ
ထက်ပိုမိုကောင်းမွန် တဲ့ ပျမ်းမျှ download အမြန်နှုန်း ကို
ပိုင်ဆိုင်စေခဲ့ပါတယ်။ အခြား ဥရောပ နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နိုင်ငံရဲ့
ပျမ်းမျှ download အမြန်နှုန်း ဟာ 30.18 Mbps ၊ ဂျာမနီနိုင်ငံရဲ့ ပျမ်းမျှ
download အမြန်နှုန်း ဟာ 29.95 Mbps ၊ စပိန်နိုင်ငံရဲ့ ပျမ်းမျှ download
အမြန်နှုန်း ဟာ 28.28Mbps ၊ အိုင်ယာလန် နိုင်ငံရဲ့ ပျမ်းမျှ download
အမြန်နှုန်း ဟာ 27.29 Mbps တို့ဖြစ်ကြပါတယ်။
ပျမ်းမျှ download အမြန်နှုန်း ကို 33.9 Mbps အထိရရှိခဲ့တဲ့ အမေရိကန်
ပြည်ထောင်စု ဟာ ကမ္ဘာမှာ အင်တာနက် အကောင်းဆုံးနိုင်ငံတော့
မဖြစ်နိုင်ခဲ့ပါဘူး။ အာရှနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့
ပျမ်းမျှ download အမြန်နှုန်း ဟာ 84.31Mbps နဲ့ ဂျပန်နိုင်ငံရဲ့ ပျမ်းမျှ
download အမြန်နှုန်းဟာ 60.49 Mbps အထိရှိနေပါသေးတယ်။
ဒါပေမယ့်လည်း အမေရိကန် ပြည်ထောင်စုရဲ့ ပျမ်းမျှ download အမြန်နှုန်းဟာ
တစ်နိုင်ငံလုံးရဲ့ အင်တာနက် အခြေအနေတွေကို ပျမ်းမျှ အနေနဲ့ တွက်ချက်
ထားတာသာဖြစ်ပါတယ်။ ၀ါရှင်တန် ၊ မစ်ဆိုရီ ၊ နယူးယော့ခ် နဲ့ ကယ်လီဖိုးနီးယား
ပြည်နယ်တွေမှာတော့ ပျမ်းမျှ download အမြန်နှုန်း 40 Mbps ခန့်ရှိနေပါတယ်။
Kansas City မှာတော့ ပျမ်းမျှ download အမြန်နှုန်း ဟာ 68.59 Mbps
အထိရှိနေတယ် လို့သိရ ပါတယ်။
No comments:
Post a Comment