Fingerprint
စနစ်ပါဝင်သည့် Laptop များ Ubuntu OS ကို ထည့်သွင်းအသုံးပြု ထားတယ်ဆိုရင်
မိမိတို့ရဲ့ Fingerprint ကို ဆက်လက် အလုပ်လုပ်ဆောင် နိုင်စေရန်အတွက်
Fingerprint Reader ကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Fingerprint Reader ကိုထည့်သွင်း အသုံးပြုဖို့အတွက် အောက်ပါအတိုင်း
အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS တွင် Finger print Reader ကို ထည့်သွင်းအသုံး ပြုရန်အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။
နောက်တစ်ဆင့် ကတော့ Fingerprint Readerကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-
sudo apt-add-repository ppa:fingerprint/fingerprint-gui&& sudo apt-get update
sudo apt-get install
libbsapi policykit-1-finger print-gui fingerprint-gui
ဆိုတဲ့ Command တွေပဲ ဖြစ်ပါတယ်။ အထက်ပါ Command တွေကို အသုံးပြုပြီးရင် Fingerprint Reader နဲ့ သက်ဆိုင်တဲ့ Package တွေကို Download ပြုလုပ်ပြီး တစ်ခါတည်း ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။
ပြီးသွားရင်တော့ Ubuntu OS ပေါ်မှာ Fingerprint Reader ကိုစတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Ubuntu OS စနစ်ကို Fingerprint နဲ့ပိတ်ထားရုံသာမက Password နဲ့ပါ ကာကွယ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။ Fingerprint အတွက် လက်ဗွေတွေကိုတော့ Fingerprint Reader က သတ်မှတ် ထားတဲ့အတိုင်း ထည့်သွင်းပေးပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

No comments:
Post a Comment