9.4.15

Grand 2 SM G7102 User များအတွက် 4.4.2 Update



4.4.2 မှာဘတ်ထရီ အသုံးခံသွားတာကလွဲလို့ ဘာမှမထူးခြားပေမဲ့ GeNnxt Rom ဆိုတဲ့ S5 စတိုင် Rom လေးကို တင်ပေးလိုက်ရင် Grand 2 ဆိုတာ Android လောကမှာ အလယ်အလတ် မျက်နှာရှိသွားမှာပါ။ သူများနဲ့အပြိုင် ကြွားနိုင်ပါပြီး။ လာမဲ့ ၁ လ ၂ လ ဆိုရင်လည်း Grand 2 ကို Offical Update Version 4.4.4 ပေးတော့မှာပါ။

Version 4.3 သမားများ အရင် 4.4.2 တင်ယူကြပါ။ Root မထားဘူးဆိုရင်တော့ Setting ထဲသွားပြီး About ကိုရှာနှိပ့်ပါ အပေါ်ဆုံး Software Update ဆိုတာလေးကိုနှိပ့်ပြီး 4.4.2 Update ဆွဲပေးလိုက်ပါ။ Update ဆွဲရမဲ့ ဆိုဒ်အားက 300Mb ကျော်ကျော် 400Mb နှီးပါးပါ။

အကယ်၍ Software Update ကဆွဲလို့ အဆင်မပြေဘူး Root ဖောက်ထားတယ်ဆိုရင်တော့ ထိုင်းဖန်လုံး (THL Firmware) ကိုဒေါင်းပြီး ကွန်ပြူတာကနေ Odin ကတဆင့် တင်ပေးရမှာပါ (ကွန်ပြူတာနဲ့သာ တင်ရပါမယ်)။ ထိုင်းဖန်လုံး ဆိုဒ်အားကတော့ 1Gb နှီးပါးပါဘဲ။ ကွန်ပြူတာကနေ ဖန်လုံးတင်နည်း ကို အောက်မှာ ပြောပြသွားပါမယ်။ ထိုင်းဖန်လုံးကို အောက်မှာရယူပါ။

ထိုင်းဖန်လုံး (THL Firmware)
Download >> http://pc.cd/BDL
••••••••••••••••••••••••••••••••••••••••••••••••••••••••

အိုခေ Version 4.4.2 ဖြစ်သွားပြီး Root ဖောက်ချင်တယ် Rom တင်ချင်တယ်ဆိုရင်တော့ အရင် CWM ဆိုတာ တင်ရပါမယ်။ CWM ကို ကွန်ပြူတာကနေ တင်ပေးရပါမယ် (ကွန်ပြူတာနဲ့သာ တင်ရပါမယ်)။ CWM တင်တာ အချိန် ၁ မိနစ်လောက်ပါဘဲ။ ကျန်တဲ့ Rom တို့ဘာညာတို့ တင်တာက ကွန်ပြူတာ မလိုတော့ ပါဘူး။ CWM တင်နည်း အောက်မှာ ပြောပြသွားပါမယ်။ CWM Zip ဖိုင်ကိုအောက်မှာ ရယူလိုက်ပါ။

Grand 2 Version 4.4.2 CWM
Download >> http://pc.cd/u9W
••••••••••••••••••••••••••••••••••••••••••••••••••••••••

CWM တင်ပြီးသွားပြီးဆိုရင်တော့ စိတ်ကြိုက်လုပ်လို့ ရပါပြီး။ Root ဖောက်ချင်တယ်ဆိုရင် Root Zip ဖိုင်ကိုဒေါင်းပြီး CWM ကနေ Installe ပေးရပါမယ်။ CWM ကနေ Zip ဖိုင် Installe နည်း ကို အောက် မှာရေးပေးပါမယ်။ Root Zip ဖိုင်လိုချင်လျှင် အောက်မှာ ရယူလိုက်ပါ။ Rom တင်မဲ့သူဆို Root Zip ဖိုင် ဒေါင်းစရာ မလိုတော့ပါဘူး။ Rom တင်ရင် Root acc ပါပြီးသားပါ။

Grand 2 4.4.2 Root Zip
Download >> http://pc.cd/Oq1
••••••••••••••••••••••••••••••••••••••••••••••••••••••••

Rom တင်မယ်ဆိုရင် အောက်ကလင့်ကိုနှိပ့်ပြီး အစိမ်းရောင် အကွက်ကိုနှိပ့်ပြီး GeNnxt Rom ဒေါင်းလို ရယူနိုင်ပါတယ်။ ဖိုင်ဆိုဒ်အားကတော့ 900Mb ကျော်ကျော် 1Gb နှီးပါးပါ။ လိုင်းမကောင်းရင် တဝက် တပျက်နဲ့ ပျက်ကျတာတို့ ဖိုင်ဆိုဒ်အား မပြည့်တာတို့နဲ့ ကြုံတတ်ပါတယ်။ Rom တင်နည်း ကို အောက် မှာ ပြောပြသွားပါမယ်။

GeNnxt Rom Download Link
Download >> https://www.androidfilehost.com/?fid=23578570567716671
••••••••••••••••••••••••••••••••••••••••••••••••••••••••

Rom တင်ပြီးရင် Formet restore မဖြစ်မနေ ချပေးပါ။ ပထမဆုံး ကြုံတွေ့ရမဲ့ ပြသနာက Wifi ဖွင့်လို့ မရတာပါဘဲ။ ဖြေရှင်းနည်းကတော့ အောက်က Wifi Erro Zip ဖိုင်ကို CWM ကနေ Installe ပေးရမှာပါ။ Installe နည်းကို အောက်မှာ ပြောပြသွားပါမယ်။ Wifi Erro Zip ဖိုင်ကို အောက်မှရယူပါ။

Wifi Erro Zip
Download >> http://pc.cd/W61
••••••••••••••••••••••••••••••••••••••••••••••••••••••••

Rom တင်ပြီးရင် မြန်မာဘာသာ ထိုင်းဘာသာနဲ့ အခြားဘာသာများ မပါလာတော့ပါဘူး။ ကိုယ့်ဘာသာ ပြန်ထည့်ယူရပါတယ်။ ဒီမှာ ထည့်နည်း ၂ နည်းရှိပါတယ်။ အရင်မြန်မာဘာသာ မထည့်ခင် မြန်မာစာ System Font ထည့်ဖို့လိုပါတယ်။ အောက်က MMSD Font Insaller Apk ကိုရယူပြီး ဖုန်းမှာရိုးရိုး Insalle ပြီးဖွင့်လိုက်ပါ။ အကွက်တွေထဲ သရဲဖောင့်အကွက်ကို ရွေးပေးပြီး ဖုန်းပါဝါပိတ် ပြန်ဖွင့် (Reboot) ချပေးလိုက်ပါ။ ဖုန်းပြန်ဖွင့်လာလျှင် မြန်မာစာ မြင်ရပါပြီး။ မြန်မာဘာသာတော့ မပါလာသေးပါဘူး။

MMSD Font Installer Apk
Download >> http://pc.cd/L61
••••••••••••••••••••••••••••••••••••••••••••••••••••••••

မြန်မာဘာသာနဲ့ အခြားဘာသာများ ထည့်ယူနည်း ၂ နည်းကတော့.....

၁။ ။စာလုံးလှ Font style မသုံးလည်းရတယ် ကိစ္စမရှိဘူး ဆိုရင်တော့ အောက်က FinalSolution Zip ဖိုင်ကို ရယူပြီး CWM ကနေ Installe ပေးလိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 37Mb ရှိပါတယ်။ Installe နည်းကို အောက်မှာ ပြောပြပါမယ်။

FinalSolution Zip
Download >> http://pc.cd/7d1

၂။ ။Samsung Zawygi Enabler ဆော့ဝဲလ်နဲ့ မြန်မာဘာသာ ထည့်ယူတာပါ။ ဒီနည်း ကတော့ မြန်မာ ဘာသာလည်း ရပါတယ်။ စာလုံးလှ သုံးချင်သေးတယ် ဆိုရင် လည်း မြန်မာစာ လုံးလှဒေါင်းပြီး Setting ထဲက Font >> Font Style မှာ သွားရွေးပေးယုံပါဘဲ။ ရိုးရိုး Installe ပြီးဖွင့်လိုက်ရင် အကွက် ၁ ကွက်ဘဲ ရှိပါမယ်။ အဲ့အကွက်ကို နှိပ့်ပေးလိုက်ပြီး ဖုန်းကိုပါဝါပိတ် ပြန်ဖွင့် (Reboot) ပေးလိုက်ပါ။ Sansung Zawgyi Enabler ဆော့ဝဲလ်ကို အောက်မှာ ရယူနိုင်ပါတယ်။

Samsung Zawgyi Enabler
Download >> http://pc.cd/7t1

မှတ်ချက်။ ။ကျွန်တော်ကတော့ နံပါတ် ၂ နည်းကိုသာ ညွန်းချင်ပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••••••••

မြန်မာစာလုံးလှလေး သုံးချင်ရင်တော့ ကျွန်တော်စိတ်ကြိုက် ပြင်ယူထားတဲ့ စာလုံးလှ Apk ၆ မျိုးကို အောက်ကလင့်နှိပ့်ပြီး ယူမဲ့စာလုံးလှကိုနှိပ့်ပြီး ရယူနိုင်ပါတယ်။ ရိုးရိုး Installe ပေးပြီး Setting ထဲသွား Font ကိုနှိပ့်ပြီး Font Style မှာ ကိုယ်ထည့်လိုက်တဲ့ စာလုံးလှနာမည်ကို ရွေးပေးလိုက်ယုံပါဘဲ။

မြန်မာစာလုံးလှ ၆ မျိုး Link
Download >> http://pc.cd/d61
••••••••••••••••••••••••••••••••••••••••••••••••••••••••

GeNnxt Rom တင်ပြီးရင် လိုအပ်ချက် နဲနဲပါးပါး ရှိပါတယ်။ ဆင်းကဒ် ၂ ကဒ်ထည့်ထားပေမဲ့ ၁ ကဒ်ဘဲ ပေါ်တာတို့ပေါ့။ Addon Zip ဖိုင်ကို CWM ကနေ Installe ပေးရပါမယ်။ GeNnxt Rom အတွက် Addon Zip ဖိုင် ၂ ဖိုင်ရှိပါတယ်။ Addon မ Installe ပေးချင်လည်း ရပါတယ်။ သို့မဟုတ် Add on ၁ ခုဘဲ installe၊ ၂ ခုလုံးဘဲ Installe ကိစ္စမရှိပါဘူး။ Installe နည်းကို အောက်မှာ ပြောပြသွားပါမယ်။ Addon Zip ဖိုင် ၂ ဖိုင်ကို အောက်မှာ Download ရယူပါ။

Addon 1 Zip (119Mb)
Download >> http://pc.cd/zMW

Addon 2 Zip (192Mb)
Download >> http://pc.cd/h61
••••••••••••••••••••••••••••••••••••••••••••••••••••••••

Rom လည်းတင်ပြီးပြီး Addon တွေလည်း တင်ပြီးပြီး ဆိုရင်တော့ သင့် Grand 2 ဟာ တော်တော်ပြည့်စုံ လှပသွားပါပြီး။ ကျန်တဲ့ဖလန်းဖလန်းတွေကိုတော့ ကိုယ့်ဘာသာ ကလိကြတော့ပေါ့နော်။ ခုကျွန်တော် ဖလန်းဖလန်းထဖို့ Xposed ဖြင့် တွဲသုံးပြီး ဖုန်းရဲ့ အပေါ်ဘား (Noti bar) ပြုပြင်တာတို့ Setting နောက်ခံ ပုံထည့်တာတို့ နာရီ၊ ဘတ်ထရီ ဘားတန်းမှာ စာလေးရေးတာ ဘာညာတို့ကို တင်ပေးလိုက်ပါမယ် ကိုယ့် ဘာသာ ကလိယူကြပေါ့။ Xposed ဖြင့် Installe နည်းကို လုပ်တတ် နားလည်အောင်လို့ ကျွန်တော် အောက်ကလင့်ထဲမှာ အပေါ်ဘားနဲ့ Setting နောက်ခံပုံ ထည့်နည်း PDF စာအုပ်ကို တင်ထားပေးပါတယ်။ အဲ့စာအုပ်ထဲကအတိုင်း Xposed နဲ့အခြားဆော့ဝဲလ်များ တွဲသုံးယူရတာပါ။ ဖုန်းအလှဆင်ဖို့ Xposed နဲ့တကွ လိုအပ်တဲ့ ဆော့ဝဲလ် ၇ မျိုးကို အောက်ကလင့်ထဲမှာ ရယူနိုင်ပါတယ်။ PDF စာအုပ်ကော အထဲမှာပါ။ လင့်ထဲဝင်ပြီး ယူမဲ့အခုကို နှိပ့်ယူလိုက်ရုံပါဘဲ။

Xposed Apk, PDF Book Link
Download >> http://pc.cd/Bd1
••••••••••••••••••••••••••••••••••••••••••••••••••••••••

ဖလန်းဖလန်းထဖို့ နောက်တစ်ခုက Theme ပါ။ Sony Theme နှင့်တကွ အခြား Theme 9 မျိုးကို တင်ပေးလိုက်ပါတယ်။ Theme Installe နညိးကတော့ ဒေါင်းရလာတဲ့ Apk တွေကို ရိုးရိုး Installe ပေးပြီး Home Screen >> Memu Key (ဖုန်းခလယ်ခလုတ်ဘေးက) >> Set Theme ကိုနှိပ့်ပြီး ကြိုက်တဲ့ Theme စတိုင်ကို ရွေးပေးလိုက်ယုံပါဘဲ။ Theme 9 မျိုး အောက်မှာ ရယူပါ။

Theme 9 Apk Link
Download >> http://pc.cd/ut1
••••••••••••••••••••••••••••••••••••••••••••••••••••••••

ဖန်လုံး (Firmware) တင်နည်းနှင့် CWM တင်နည်းက တူတူပါဘဲ.....

အရင် ဖုန်းကိုကွန်ပြူတာနဲ့ မချိတ်ခင်
Setting >> more >> security >> reactivation lock ကိုအမှန်ခြစ်ဖြုတ်ဖို့ လုံးဝ မမေ့ပါနဲ့ မရှိရင်မလိုပါဘူး။

setting >> more >> developer >> option >> usb degubbing ကို ON ဖို့ လုံးဝ မမေ့ပါနဲ့။

Setting >> more ထဲမှာ developer option ကိုမတွေ့ရင် setting >> about device ထဲက Buildnumber ကို ၇ ချက်လောက် ဆက်တိုက်နှိပ်ပေးပါ ။ setting >> more ထဲမှာ developer option ပေါ်လာပါလိမ့်မယ်။

ဖုန်းဘတ်ထရီ အနဲဆုံး ၈၀ ရာခိုင်နှုန်း သွင်းထားပါ။ ကွန်ပြူတာကနေ Odin ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ Pda အကွက်ကို အမှန်ချစ်ပေးပါ။ ပြီးရင် pda ကိုနှိပ့်ပြီး ဒေါင်းထားတဲ့ထဲက Zip ဖြည်ထားတဲ့ (tar သို့မဟုတ် .md5) ဖိုင်ကိုရွေးပေးလိုက်ပါ။ ပြီးသွားရင် ဖုန်းကိုပါဝါပိတ်လိုက်ပြီး အသံတိုးတဲ့ခလုတ် ဖုန်းခလယ်ခလုတ်နဲ့ ဖုန်းပါဝါခလုတ် အဲ့.....ခလုတ် ၃ လုံးကို ပြိုင်တူခဏ နှိပ့်ထားပေးပါ။ Download mode ၀င်တာပြတာနဲ့ အကုန်တပြိုင်ထဲ လွှတ်လိုက်ပါ။ ပြီးရင် အသံချဲ့တဲ့ခလုတ်ကို တချက်နှိပ့်ပြီး confirm ရင် download mode ready ဖြစ်ပါပြီး။ ပြီးရင်ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်လိုက်ပါ။ အဲလိုချိတ်လိုက်လို့ Odin ထဲက ID:COM နေရာမှာ အရောင်လေးနဲ့ ပြနေရင်ရပါပြီး။ အောက်က Start ကိုနှိပ်လိုက်တာနဲ့ သူလုပ်စရာရှိတာလုပ်ပီးရင် PASS/RESET ပြပီး ဖုန်းပိတ်သွားပါမယ် ။ ပြန်ဖွင့်လာရင် ဖန်လုံး သို့မဟုတ် CWM သွင်းခြင်း အောင်မြင်ပါပြီး။

မှတ်ချက်။ ။တင်နေတုန်း ကွန်ပျူတာနဲ့ဖုန်း ဆက်သွယ်ထားသော Usb ကြိုးမလွတ်သွားစေရန် ဂရုစိုက်ပေး ပါ။

ဒါက ကွန်ပြူတာအတွက် Odin ဆော့ဝဲလ် Zip ဖိုင်ပါ။ Zip ဖြည်လိုက်ရင် အထဲမှာ Odin ရှိပါတယ်။

Odin Zip Download Link
Download >> http://pc.cd/cz2

ဖုန်းနဲ့ ကွန်ပြူတာ ချိတ်ဆက်တဲ့အချိန်မှာ ကွန်ပြူတာက ဖုန်းကိုမသိရင် (Odin မှာ ID:COM နေရာမှာ အရောင်မပြလျှင်) ကွန်ပြူတာက ဖုန်းကိုသိအောင် ကွန်ပြူတာမှာ ထည့်ပေးရမဲ့ Samsung usb driver ပါ။ အောက်မှာ Download ရယူပြီး ကွန်ပြူတာမှာ သွင်းပေးလိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီး။

Samsung Usb Driver
Download >> http://pc.cd/uz2

••••••••••••••••••••••••••••••••••••••••••••••••••••••••

Rom, Root Zip, Wifi Erro Zip, FinalSolution Zip နဲ့ Addon တို့ Installe နည်း.....

ဖုန်းဘတ်ထရီ ၅၀ ရာခိုင်နှုန်း သွင်းထားပါ။
သွင်းမဲ့ဖိုင်ကို SD မေမိုရီကဒ်ထဲ ပြောင်းထည့်ထားပါ။ ပြီးရင်ဖုန်းပိတ်လိုက်ပါ။ ပြီးရင် ဖုန်းအသံချဲ့တဲ့ခလုတ် ဖုန်းခလယ်ခလုတ် ဖုန်းပါဝါခလုတ် အဲ့....ခလုတ် ၃ လုံးကို ပြိုင်တူနှိပ့်ထားပါ။ စာတန်းလေးတွေ ပေါ် လာ လျှင် ပြိုင်တူ လွတ်လိုက်ပါ။ အဲ့ထဲက Installe Zip File ကိုရွေးပေးပါ။ ပြီးရင် Installe Ex SD Card ကိုရွေးပေးပြီး ခုနက သွင်းမဲ့ Zip ဖိုင်ကို ရှာပြီးနှိပ့်လိုက်ပါ။ ပြီးရင်အရှေ့ပြန်ရောက်မယ် Reboot ချပေးလိုက်ပါ။ ဖုန်းပိတ်ပြီး ပြန်ဖွင့်လာရင် ပြီး ပါပြီး။
 
 
 
အားလုံးပဲ အဆင်ပြေပါစေ။  ။

No comments: