For Developer ROM
Developer ROM ကို အသုံးပြုထားလျှင် Font File ကို သွင်းနိုင်ပါသည်။ RoboZawgyi.mtz ကို download ချပါ။Phone ကို Computer နဲ့ ချိတ်ပြီးတော့ SD card သို့မဟုတ် Phone ထဲကို ထည့်ပါ။
Theme app ကို ဖွင့်ပါ။ Local Tab ကို သွားပါ။ Menu button ကို နှိပ်ပြီး Import from SD card ကို ရွေးပါ။
Download ချထားသော robozawgyi.mtz ကို ရွေးပေးပါ။
ပြီးလျှင် Category tab ကို သွားပါ။ Components > Font > Local အောက်က robozawgyi ကို ရွေးပါ။ Apply လုပ်ပါ။

With iFont
iFont ကို အသုံးပြုပြီးတော့လည်း မြန်မာ font သွင်းနိုင်ပါသည်။ မြန်မာစာ တစ်ခု တည်းမြင်ရဖို့ အတွက် root မလုပ်ချင်ရင် iFont ဖြင့် ဦးစွာ စမ်းသပ်နိုင်ပါသည်။Player Store မှ iFont ကို ပထမ download ချပါ။
ပြီးလျှင် zawgyi20084.3.apk ကို ဦးစွာ download ချပြီး သွင်းပါ။
iFont ကို ဖွင့်ပါ။ MY tab ကို သွားပါ။

Zawgyi2008 ကို တွေ့ပါမည်။ နှိပ်လိုက်ပါ။

ပြီးလျှင် Set လုပ်ပါ။

ပြီးလျှင် OK နှိပ်လိုက်ပါ။ Theme app တက်လာပါမည်။ မတက်လာပါက Theme ကို ဖွင့်ပါ။
ပြီးလျှင် Category tab ကို သွားပါ။ Components > Font > Local အောက်က Zawgyi2008(iFont) ကို ရွေးပါ။ Apply လုပ်ပါ။
အကယ်၍ iFont နည်းဖြင့် မြန်မာစာ မမြင်ရလျှင် Font ကို Default ပြန်ထားပြီး root လုပ်ရန် လိုအပ်ပါသည်။
For Root
မြန်မာ keyboard နှင့် font သွင်းရင် Play Store မှ MM Aio Font Changer ကို Download ချပါ။Aio Font changer ကို ဖွင့်ပါ။ Xiaomi ဖုန်းရဲ့ Andorid verison ပေါ်မူတည်ပြီး Tab ပေါ်က Android Version ကို ရွေးပေးပါ။ ယခု အချိန်တွင် Redmi , Redmi Note တို့သည် Android 4.2 ဖြစ်သည်။ Mi 3 , Mi 4 တို့ သည် android 4.4 ဖြစ်သည်။

Android 4.0 မှ 4.2 အတွက် Smart ဇော်ဂျီ ကို ရွေးပါ။ XML Method ကို နှိပ်ပါ။ Root permission မေးလျှင် Allow လုပ်လိုက်ပါ။ ပြီးလျှင် ဇော်ဂျီ မြင်ရပါမည်။
Frozen Zawgyi Keyboard ကို အသုံးပြုနိုင်ပါသည်။
Keyboard သွင်းပြီးပါက Settings -> General settings -> Language & Input -> Keyboard & Input Methods တွင် Default ကို Frozen Zawgyi Keyboard Pro ကို ရွေးပြီး အသုံးပြုနိုင်ပါသည်။
No comments:
Post a Comment