၈ရက်နေ့ မှစပြီး Xperia Z2 နှင့် Z2 tablet များကို Lollipop update
ပြုလုပ်နိုင်ပြီ ဖြစ်ပြီး နောက် ရက် သတ္တပတ် အတွင်း အခြားသော
ဖုန်းများကိုလည်း update ပြု လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
လွန်ခဲ့သော အပတ်များက Sony သည် သူတို့ ရဲ့ Lollipop update
အစီစဉ်များနှင့် အလုပ်ရှုပ်နေ ခဲ့ပြီး နိုင် ငံတော်တော်များများမှ Update
လုပ်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။ သို့ရာတွင် ဘယ်နိုင်ငံတွေ ဘယ် အ ချိန်တွေ
ဆိုတာကိုတော့ အတိ အကျ ထုတ်ပြန်ထားတာ မရှိခဲ့ပါ။
update လုပ်ရန်အတွက် အချက်ပေးချက် များကိုတော့ ပို့ပေးမှာ ဖြစ်ပါတယ်။
နောက် အပတ်တွင်လည်း အခြားသော ဖုန်းများအတွက် Lollipop Version ကို Update
လုပ်နိုင်တော့ မည် ဖြစ်ကြောင်း ကြေငြာ လိုက်ပြီ ဖြစ်ပါတယ်။ ထို
ဖုန်းစာရင်းမှာ Xperia Z3 Dual, Z1, Z1 Compact နှင့် Z Ultra တို့
ဖြစ်ပါတယ်။ ကျန်သည့် Z series များကိုတော့ Update အတွက် မကြေငြာသေးပါ။
သို့ပေမယ့် မကြာမီမှာ သတင်း များ ကို ပိုမိုထုတ်ပြန်ပေးမယ်လို့
ပြောခဲ့ပါတယ်။
No comments:
Post a Comment