Showing posts with label စာပေနည်းပညာ. Show all posts
Showing posts with label စာပေနည်းပညာ. Show all posts

13.6.15

Smart Phone များတွင် အသုံးပြုသည့် Display နှင့် Touch Screen ဆယ်မျိုး


TFT ဆိုတာဟာ Thin Flim Transistor နည်းပညာကို အတိုကောက် ခေါ်ဆိုထားခြင်းဖြစ်ပါ တယ်။ TFT LCD တွေကို များသောအားဖြင့် မိုဘိုင်းဖုန်းတွေရဲ့ Display အဖြစ် အသုံးပြုလေ့ ရှိပါတယ်။ TFTLCD တွေဟာ အစော ပိုင်း မျိုးဆက် LCD Display တွေနဲ့နှိုင်းယှဉ်ရင် အရည်အသွေး အလွန်ကောင်းတဲ့ ပုံရိပ်တွေနဲ့ Resolution မြင့် တဲ့ ပုံရိပ်တွေ ကို ဖော်ပြပေးနိုင်ပါ တယ်။ ဒါပေမယ့် မြင်ကွင်းရှုထောင့်ဟာ ကျဉ်းလွန်းပြီး နေရောင်နဲ့ အလင်း  တိုက်ရိုက် ကျတဲ့နေရာတွေမှာ ကြည့်ရှုတဲ့အခါမှာတော့ အားနည်းချက်တွေရှိပါတယ်။ အရွယ်အစား ကြီးမားတဲ့ TFT Display တွေဟာ စွမ်းအင်သုံစွဲမှု ပိုမိုများပြားပါတယ်။ ယင်း display ကို ဈေးနှုန်း သက်သာတဲ့ ဖုန်း feature ဖုန်းတွေနဲ့ စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုပါတယ်။
 IPS-LCD
In-Place Switching ကို အတိုကောက် ခေါ်ဆိုထားတဲ့ IPS LCD တွေဟာ သာမန် TFT Display များထက် ကျယ်ဝန်းတဲ့ မြင်ကွင်းကို ဖော်ပြပေးနိုင်ပြီး စွမ်းအင်သုံးစွဲမှုကလည်း နည်း ပါးသောကြောင့် ဘတ်ထရီ သက်တမ်းကိုရှည်စေပါတယ်။ IPS LCD တွေဟာ သာမန် TFT LCD တွေထက် ကုန်ကျစရိတ်ပိုမိုတာကြောင့် ယင်းကို စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေမှာ သာတွေ့မြင်ရမှာပါ။ မြင့်မားတဲ့ Resolution ဖြစ်တဲ့ 640×960ဖြင့် ဖော်ပြပေးနိုင်တဲ့ IPS LCD ကို Apple iPhone 4 မှာ အသုံးပြုထားပြီး ၎င်းကို Retina Display လို့လည်း အမည် ပေး ထားပါတယ်။
 Resistive Touchscreen LCD
Touchscreen LCD Display တွေမှာ Resistive နဲ့ Capacitive ဆိုပြီး နှစ်မျိုးရှိပါတယ်။ Resistive Touchscreen တွေဟာ capacitive touch screen တွေလောက် တုံ့ပြန်မှုကောင်းမွန်ခြင်းမရှိပဲ stylus ဖြင့် အသုံးပြုရာမှာလည်း ထိတွေ့မှုတိကျရန်လိုအပ်ပါတယ်။ ၎င်းကို စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းတွေနဲ့ feature touch ဖုန်းတွေမှာ သုံးပါတယ်။
 Capacitive Touch screen LCD
Capacitive Touch screen LCD နည်းပညာမှာတော့ indium tin oxid လိုမျိုး ထွင်းဖောက်မြင်နိုင်တဲ့ လျှပ်ကူး ပစ္စည်းဖုံးအုပ်ထားတဲ့ ဖန်သားလွှာတစ်ခုပါဝင်ပါတယ်။ Capacitive Touch screen တွေဟာ resistvie touchscreen တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ တုံ့ပြန်မှု ပိုမိုကောင်းမွန်တာကြောင့် စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်း တွေမှာ အဲဒီ touch screen ကို အသုံးပြုကြပါတယ်။
 OLED
Organic Light Emitting Diode ကို အတိုကောက်ခေါ်ဆိုထားတဲ့ OLED ဟာ မိုဘိုင်း နဲ့ မော်နီတာများအတွက် နည်းပညာသစ်တစ်ခုဖြစ်ပါတယ်။ OLED နည်းပညာ ကာဗွန် အခြေခံ Organic အလွှာနဲ့ anode နဲ့ cathode ကြားမှာ ထည့်သွင်းထားပါတယ်။ ၎င်းဟာ ဖန်သားပြင် ရဲ့ထိပ်ဘက်နဲ့ အောက်ခြေကို တစ်လှည့်စီ ပြောင်းလဲပေး နိုင်ပါတယ်။ Anode နဲ့ Cathode မှာ လျှပ်စစ်စီးဆင်းမှုဖြစ်ပေါ်တဲ့အခါမှာတော့ ကြားအလွှာမှာရှိတဲ့ အော်ဂင်းနစ် အလွှာ ဟာ အလင်းကို တိုက်ရိုက်လွှတ်ပေးပါတယ်။ အလင်းနဲ့အရောင်ကတော့ လျှပ်စစ်စီးဝင်မှု အပေါ်မူ တည်ပြီး ကွဲပြား ပါတယ်။OLED တွေဟာ ထူးခြားတဲ့အရောင်ထုတ်လွှတ်ခြင်း တုံ့ပြန်မှု မြန် ဆန်ခြင်း မြင်ကွင်း ကျယ်ကြည့်ရှုနိုင်ခြင်း အလင်းတောက် ပခြင်းနှင့် ပေါ့ပါးတဲ့ဒီဇိုင်းတို့ကြောင့် LCD တွေနဲ့ နှိုင်း ယှဉ်တဲ့ အခါမှာ အလွန်သာလွန်ပါတယ်။
 AMOLED
AMOLED ဆိုတာကတော့ Active Matrix Organic Light Emitting Diode ကို အတိုကောက်ခေါ်ဆိုထားတာ ဖြစ်ပါတယ်။ AMOLED display တွေဟာ မိုဘိုင်းနဲ့ ထိပ်တန်း စမတ်ဖုန်းတွေမှာ တွင်ကျယ်စွာ အသုံးပြုနေတဲ့ OLED အမျိုးအစားတစ်ခုဖြစ်ပါတယ်။ OLED display တွေလို တောက်ပတဲ့အရောင်ထုတ်လွှတ်ပေးနိုင်ခြင်း ပေါ့ပါးခြင်း၊ ဘတ်ထရီသက်တမ်း ရှည်လျားခြင်း၊ စတဲ့အင်္ဂါရပ်တွေပိုင်ဆိုင်ပါတယ်။
 Super AMOLED
Super AMOLED display တွေကတော့ AMOLED display ကို အဆင့်မြှင့် တင် ထားခြင်းဖြစ်ပါ တယ်။ Super AMOLED display တွေကို touch sensor များနဲ့ ထည့်သွင်း တည်ဆောက် ထားပြီး ဒါဟာ ဈေးကွက်ထဲမှာ အပါး လွှာဆုံး display နည်းပညာဖြစ်ပါတယ်။ Super AMOLED display တွေဟာ အခြား AMOLED display တွေ ထက် တုံ့ပြန်မှုပိုမိုကောင်းမွန်ပါတယ်။ လက်ရှိမှာ Samsung ရဲ့နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Samsung Glalaxy S 19000 မှာ Super AMOLED ကို အသုံးပြုထားပါတယ်။
 Gorilla Glass
Gorilla Glas ဆိုတာကတော့ မိုဘိုင်း display တွေ ကို ခြစ် မိခြင်း၊ ပြုတ် ကျခြင်း ၊ ဆောင့်မိခြင်း တို့ကြောင့် display ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ alkali aluminiosilicate ဖန်သားပြင်ဖြစ် ပါတယ်။ Motorala, Samsung နဲ့ Nokia စတဲ့ ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ မိုဘိုင်း display တွေကို အကြမ်းပတမ်းခံနိုင်ဖို့ အတွက် Gorilla Glass ကို အသုံးပြုကြပါတယ်။
 Haptic/Tactile Touch screen
Haptic ဆိုတာကတော့ blackberry နဲ့ Nokia တို့က သူတို့ရဲ့ touch screen စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာကို user performance မြှင့်တင်ပေးခြင်းနဲ့ touch screen ပေါ်မှာ စာရိုက် ခြင်းတို့မှ တိကျစေရန်အတွက် အသုံးပြုပါတယ်။
 Retina Display
Retina Display ဆိုတာကတော့ iPhone 4 မှာ အသုံးပြုထားတဲ့ High Resolution 640×960 pixels နဲ့ ဖော်ပြ ပေးနိုင်တဲ့ IPS LCD ကို Apple က အမည်ပေးထားခြင်း ဖြစ်ပါတယ်။ pixels တွေကို လူ့မျက်လုံးနဲ့ ခွဲခြားသိမြင် လို့မရတဲ့အတွက် retina display လို့ခေါ် ဆိုခြင်း ဖြစ်ပါတယ်။နောက်တင်မယ့် Post များတွင် Cell Phone တစ်လုံး ဘယ်လိုဝယ်ယူမ လဲဆိုတဲ့ လမ်းညွန်လေးကို တင်ပြပေး သွားပါမည်။

11.6.15

USB Stick နဲ့ Window 7 တင်နည်း


Window 7 ကို ကျနော်တို USB Stick ကနေတင်တဲ့နည်းလေးပါ။အခွေနဲတင်တာနဲ USB Stick တင်တာဘာကွာလဲဆိုတော့ USB Stick နဲတင်တာက ပိုပြီး အလုပ်မြန်မြန်ပြီးပါတယ်။နောက်ပြီး ကွန်ပျုတာက DVD Rom ကိုလည်း သက်သာစေပါတယ်။တစ်ချို ROM မရှိတဲ့ စက်တွေကို စတစ် နဲတင်လိုရပါတယ်။ကျနော်ကိုယ်တိုင်တင်တာ ဆယ့်ငါးမိနစ်ပဲကြာပါတယ်။
စတစ်မှာတင်ဖိုအတွက် ကျနော်တို လိုအပ်တာတွေကတော့


USB Stick 4GB အလွတ်တစ်ခု
Window 7 ISO ဖိုင်
Window 7 USB Tool လေးပါ။
Windows 7 USB Tool
ဆော့ဝဲကိုအင်စတောလုပ်လိုက်ပါ။အားလုံးပြီးသွားရင် Desktop မှာ Icon လေးပေါ်လာပါလိမ်မယ်။
အဲ့ ကောင်လေးကို Click လုပ်ပြီး ဖွင့်လိုက်ပါ။
Windows 7 USB TOol ISO select
ကျနော်တို Window 7 ISO ဖိုင်ရှိတဲ့နေရာကိုရွေးပေးလိုက်ပါ။
ကျနော်တိုက ဒီနေရာမှာ USB Device ကိုရွေးပေးလိုက်ပါ။DVD နဲ ဘမ်းမယ်ဆိုလည်းရပါဒယ်။
နောက်တစ်ဆင့်မသွားခင်ကျနော်တို USB Stick အလွတ်လေးကို ကွန်ပျုတာမှာ ထိုးထားလိုက်ပါ။
အခုဆို ကျနော် Stick နာမည်လေးနဲတပ်လာပါပြီ။ဒီလိုပြနေရင် Begin Copying လုပ်လိုက်ပါ။ 100% ပြည့်သွားတဲ့အထိစောင့်နေလိုက်ပါ။
100% ပြည့်သွားပြီဆို Run နေတဲ့ ဆော့ဝဲလေးကိုပိတ်လိုက်ပါ။
My Computer ထဲကိုသွားကြည့်လိုက်ပါ။
အဲ့လိုလေးပေါ်နေပါလိမ်မယ်။ဒီလိုဆိုကျနော်တို Stick ထဲဝင်လိုက်ပါ။
Windows 7 USB Drive Version Tweak
အပေါ်မှာပြထားတဲ့လမ်းကြောင်းအတိုင်းသွားပြီးတော့ "ei.cfg" ဖိုင်လေးကို Delete လုပ်လိုက်ပါ။
ဒီလိုဆိုကျနော်တို Window 7 ကို USB စတစ်နဲ တင်လိုရပါပြီ။ကိုယ်တင်မယ်ကွန်ပျုတာမှာ 
Boot Option ကို USB လိုရွေးပြီး ၀င်းဒိုးတင်နိုင်ပါပြီ။
မှတ်ချက်  ကူးယူလာ   နောက်တချိန် ၀င်းဒိုးတင်တဲ့ အခါ   မေ့ တက်လို့  
လိုချင် ရင် လဲ  ဒေါင်းထားနော် 

Window8/8.1 တင်နည်း

 
မင်္ဂလာပါ။ဒီတစ်ခါ ကျွန်တော်တို့ Windows 8 ကို Install လုပ်နည်း ကိုပုံနဲ့ တကွရှင်းပြမှာ ဖြစ်
ပါတယ်။တကယ်လို့ သင်ဟာ Windows 8 သွင်းမယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆိုရင် ဒီ Post ကသင့်အတွက် လုံးဝ အသုံးဝင်မယ်လို့ အာမခံပါတယ်။ကဲ  Windows 8 ကိုဘယ်လို တင်ရလဲဆိုတာကို ကြည့်ရအောင်။


သင့်ရဲ့ File များကို Backup အရင်လုပ်ပါ။

ဟုတ်ကဲ့ Windows 8 ကိုမတင်ခင် သင့်ရဲ့ အရေးကြီးတဲ့ File များကို Backup အရင်လုပ်ထားသင့်ပါတယ်။
ဥပမာ-သင့် Computer ရဲ့ Partition တစ်ခုခုထဲ ပဲဖြစ်ဖြစ် ၊ External Hard Disk ထဲပဲဖြစ်ဖြစ် ဒါမှမဟုတ်
DVD အခွေထဲတွေမှာ သင့်ရဲ့ အရေးကြီး တဲ့ Data တွေကို Backup လုပ်ထားသင့်ပါတယ်။

ကဲ Windows 8 ကို တင်ရအောင်။

သင့်ရဲ့ PC ကို Restart ချပါ။ စက်ပြန်တတ်တတ်ချင်း F2 (သို့) Delete ကိုနှိပ် ပြီးရင် First Boot Device မှာ သင့်ရဲ့ DVD Drive ကိုထားပါ။ဒါမှမဟုတ် F12 ကိုနှိပ်ပြီး DVD Drive ကိုရွေးပါ။ပြီးရင်
ပုံ  မှာပြထားတဲ့ ပေါ်လာပြီး အဲ့ဒီနေရာမှာ Second အနည်းငယ်ကြပါလိမ့်မယ်။



မိနစ် အနည်းငယ်ကြာတဲအခါမှာ ပုံ မှာပြထားတဲ့ အတိုင်းပေါ်လာပြီး ပေါ်လာတဲ့ အထဲမှာ ဘာမှာ
မပြောင်းလဲ ပဲ Next ကိုနှိပ်ပါ။


Next Button ကိုနှိပ်ပြီး သွားရင် ပုံ မှာပြထားတဲ့ အတိုင်း Windows Setup Screen ပေါ်လာပါလိမ့်မယ်။
Install Now ကိုနှိပ်ပါ။


Install Now Button ကိုနှိပ်ပြီးသွားရင် ပုံ  မှာပြထားတဲ့အတိုင်းမြင်ရပါလိမ့်မယ်။အဲ့ဒီ မှာ Product Key
ကိုထည့်ပြီး Next ကိုနှိပ်ပါ။



ပြီးရင် Microsoft ရဲ့ Software License Agreement Windows ကိုမြင်ရပါလိမ့်မယ်။လေးထောင့် အကွက်မှာ အမှန်ခြစ်ပြီး Next ကိုနှိပ်ပါ။


Next ကိုနှိပ်ပြီး သွားရင် ရွေးချယ်စရာ နှစ်ခုကို တွေ့ရပါလိမ့်မယ်။အခု ကျွန်တော်တို့က Windows ကိုလုံးဝ
အသစ်သွင်းမှာ ဆိုတော့ Custom ကိုရွေးရမှာဖြစ်ပါတယ်။(တကယ်လို့ သင်ဟာ အရင် ရှိပြီးသား Windows ပေါ်မှာ ပဲ Windows 8 ကို Install လုပ်မယ်ဆိုရင် Upgrade ကိုရွေးပါ။)


ဘယ် Partition မှာ သွင်းမှာ လဲ ဆိုပြီး ပုံ  မှာပြထားတဲ့ အတိုင်းတွေ့ရပြီ ဆိုရင် သင် Install လုပ်ချင်တဲ့
Partition ကို Click တစ်ချက်နှိပ် ပြီးရင် Drive Options (Advanced) ဆိုတဲ့ စာသားကို Click တစ်ချက်နှိပ်
Format ဆိုပြီးတွေ့ရလိမ့်မယ်။အဲ့ဒီ Format ကိုနှိပ်ပြီး Partition ကို Format လုပ်မှာဖြစ်ပါတယ်။Format ကိုနှိပ်လိုက်ရင် Windows တစ်ခုပေါ်လာပြီး Format တကယ်လုပ်မှာ လို့မေးလိမ့်မယ်။
(အရေးအကြီးဆုံး သင် Format လုပ်တဲ့အခါမှာ Partition တွေမမှား ပါစေနဲ့။)


Partition ကို Format လုပ်ပြီးသွားရင် Next ကိုနှိပ်ပါ။ ပုံ  မှာပြထားတဲ့ Windows file တွေကို Hard Drive မှာ Copy လုပ်ပြီး Windows 8 ကိုသင့်ရဲ့ PC မှာတင်နေပါပြီ။နည်းနည်းတော့ ကြာလိမ့်မယ်။


ပြီးရင် Restart ကြသွားလိမ့်မယ်။



Restart ပြန်တတ်လာ တဲ့အခါ ပုံ  မှာပြထားတဲ့ အတိုင်းမြင်ရပြီး။Restart နောက်တစ်ခါ ကြသွားလိမ့်မယ်။


Restart ကနေပြန်တတ်လာတဲ့ အခါ အောက်ပုံတွေမှာ ပြထားတဲ့ အတိုင်း အရောင်ရွေး ၊ နာမည် ပေးပြီး Next ကိုနှိပ်ပါ။နောက်ခု Setting ဆိုပြီးပေါ်လာလိမ့်မယ်။ Use Express Setting ကိုနှိပ်ပါ။


နောက်ပြီး Sign in ဆိုပြီးပေါ်လာလိမ့်မယ်။သင်ရဲ့ email address ကိုထည့်ပါ။(ကြိုက်တဲ့ Email Address)


ကဲ အောက်မှာ ပြထားတဲ့ ပုံတွေ ထဲကအတိုင်းပေါ်လာရင် သင့်ရဲ့ PC မှာ Windows 8 ကိုသွင်းလို့ပြီးသွားပါပြီ။





အားလုံးအဆင်ပြေကြပါစေ။

Wndow 7 တင်နည်း (မြန်မာလို)



ဒီနေရာလေးမှာဒေါင်းပါ




ကွန်ပျုတာ သမားများအနေဖြင့် မသိမဖြစ်တတ်ထားသင်သောအရာက၀င်ဒိုးတင်နည်းပါ
မတင်တတ်သေးသောသူငယ်ချင်းများအတွက် စာအုပ်လေးဖတ်ပြီးတင်နိုင်အောင်စာအုပ်လေး
တင်ပေးလိုက်ပါတယ်ခင်ဗျာ။ကိုစံငြိမ်းရေးထားတဲံစာအုပ်လေးပါ

WindowXPတင်နည်း

Window XP တင်တော့မယ်ဆိုရင် အရင်ဆုံး Window XP ခွေတစ်ခွေကိုလိုပါမယ် အခုတင်ပြထားတာကတော့ WindowXP SP2 ဖြစ်ပါတယ် တစ်ချို့ ပြန်ပြုပြင်ထားတဲ့ Window XP ခွေတွေရှိပါတယ် ဒါပေမယ့် error အရမ်းများပါတယ် သုံးဖို့အားမပေးပါဘူး အဲ့ခွေတွေဆိုရင်တော့ အရမ်းအဆင်ပြေပါတယ် တင်နည်းတွေကလည်း အခုတင်ပြတာနဲ့ သိပ်တော့မတူနိုင်ပါဘူး ကွဲလွဲတာတွေရှိမှာပါ အရင်ဆုံးလုပ်ရမှာက window မတက်ခင် Boot Order ကိုအရင်ပြောင်းရပါမယ်
1-ကွန်ပျူတာကို window မတက်ခင် del ကိုနှိပ်လိုက်ပါ (မှတ်ချက်=တစ်ချို့ကွန်ပျူတာတွေမှာ F2 , F12 တွေဖြစ်နိုင်ပါတယ် စာလေးကိုပဲသေခြာမှတ်ထားလိုက်ပါ=Press DEL to enter SETUP အိုက်စာလေးပေါ့ဗျာ DEL နေရာမှာ သူပြတဲ့ ကီးလေးကို နှိပ်ရမှာပါ F2 ဖြစ်ရင်လည်းဖြစ်မယ် F12 ဖြစ်ရင်လည်းဖြစ်မယ် တခြား ဟာတွေလည်းဖြစ်ရင်ဖြစ်မယ်ဗျာ)

2-ဒီလိုပုံလေးထွက်လာပါလိမ့်မယ် တခြားပုံလေးလည်းဖြစ်ရင်ဖြစ်မှာပါ တစ်ခုပဲ မှတ်ထားလိုက်ပါ Screen ပြာပြာကြီးတက်လာမယ်ဆိုတာတော့ သေခြာပါတယ်


















3-အဲ့ထဲက Boot ဆိုတဲ့ စာလုံးလေးကိုရှာလိုက်ပါ ပီးတော့ အဲ့ Boot နားကိုရောက်အောင်သွားလိုက်ပါ (မှတ်ချက်-Mouse ကိုအသုံးပြုလို့မရပါ Arrow Key နဲ့ပဲ အသုံးပြုရမှာဖြစ်ပါတယ်)Boot Devices တွေကိုတွေ့ရမှာပါ ထိပ်ဆုံးကတော့ window စတက်မယ့်နေရာကို ပြောတာပါ အကယ်၍ ထိပ်ဆုံးတစ်ခုမှ window boot file ကိုမတွေ့ရင် ဒုတိယတစ်ခုကို အော်တိုပြောင်းသွားပါတယ်


















4-First Boot Drvice ကို CD Room ကိုရွှေးပေးလိုက်ပါမယ် ဘာကြောင့်လည်းဆိုတော့ Window တင်မှာဖြစ်လို့ပါ


















5-ပီးရင် ပုံမှာပြထားတဲ့အတိုင်း Exit အောက်သုံးသွားလိုက်ပါ


















6-Exit Saving Changes ကိုရွှေးပေးလိုက်ပါ။yes ကိုနှိပ်ပေးလိုက်ပါ ပီးတာနဲ့ ကွန်ပျူတာ အစကနေ ပြန်ပွင့်လာပါလိမ့်မယ် restart ကျသွားတာပါ နည်းနည်းလေးစောင့်လိုက်ပါ-


















Window XP တင်ရန် အမှန်မကန်စတင်ပါပီဗျာ
1-ပီးရင် ပုံမှာအတိုင်း Press any key to boot from CD ဆိုတာလေးကို တွေ့ရပါလိမ့်မယ် အစက်ကလေး ငါးစပ်မပြည့်ခင်မှာ ကြိုက်တဲ့ကီး တစ်ခုခုကို သာနှိပ်ချလိုက်ပါ ကျွန်တော် နှိပ်နေကျကတော့ Space Bar ပဲဖြစ်ပါတယ်

2-နည်းနည်းလေးစောင့်ပီးတော့ အောက်ပါပုံအတိုင်းတွေ့မြင်ရမှာပါ Enter ကိုနှိပ်လိုက်ပါ Window အသစ်တင်မယ်ဆိုရင် အကယ်၍ Window ကို Repare လုပ်မယ်ဆိုရင် တော့ R ကိုနှိပ်လိုက်ပါ

3-နည်းနည်းလေးတော့ထပ်စောင့်ရပါလိမ့်မယ် ပီးရင်ပုံပါအတိုင်းပွင့်လာပါလိမ့်မယ် အခုလုပ်ပြထားတာက Hardisk အသစ်ဖြစ်နေလို့ Partation C: D: အဲ့ဒါတွေမပေါ်တာပါ Hardisk အဟောင်းကို Window တင်ရင်တော့ ပေါ်ပါတယ် အဲ့ဆိုရင် တော C: ကိုရွှေးပီးတော့ Enter နှိပ်လိုက်တာနဲ့ရပါတယ် အခုက Partation မရှိသေးတဲ့အတွက် C ကိုနှိပ်လိုက်ပါတယ်


















4-ပီးတော့ F8 ကိုနှိပ်လိုက်ပါတယ်


















5-Partation ကို Format ပြန်ရိုက်မှာပါ အဲ့ဒါကို Format the partition using the NTFS file system ကိုပဲရွှေးပေးလိုက်ပါ ပီးတော့ Enter ကိုသာနှိပ်လိုက်ပါ (မှတ်ချက်-တခြားဟာကိုရွှေးရင်လည်းရပါတယ် ဒါပေမယ့် ကွန်ပျူတာအတွက် သိပ်မကောင်းပါဘူး နောက်ပိုင်း အရမ်းပြသနာတွေတက်ပါလိမ့်မယ် )


















6-အေးအေးဆေးဆေး ကော်ဖီသောက်ပီးတော့သာထိုင်စောင့်လိုက်ပါ ။ ပီးတာနဲ့ ကွန်ပျူတာ ကြီး restart ပြန်ကျသွားပါလိမ့်မယ် ထိုင်သာကြည့်နေလိုက်ပါ

7-ကွန်ပျူတာပြန်တက်လာပါလိမ့်မယ် Window file တွေကို အော်တို Install ထပ်လုပ်နေပါလိမ့်မယ် ထိုင်သာကြည့်နေလိုက်ပါ ဘာမှမလုပ်ပါနဲ့ ပီရင်အောက်ကပုံလေးပွင့်လာပါလိမ့်မယ် Next ကိုသာနှိပ်လိုက်ပါ























8-ပီးတော့ window ကီးတွေတောင်းပါလိမ့်မယ် ခွေဝယ်ကတည်းကပါလာပါလိမ့်မယ် ပြန်လည်ပြုပြင်ထားတဲ့ Window တွေကတော့ ဒီအဆင့်ပေါ်လာမှာမဟုတ်ပဲ ကျော်သွားပါလိမ့်မယ် အခုထည့်ပြထားတဲ့ ကီးတွေကတော့ တကယ်တမ်းထည့်ကြည့်ရင် အလုပ်လုပ်မှာမဟုတ်ဘူးနော် ရှောက်ရေးထားတာဗျ























9-Name ကိုဖြည့်ပေးလိုက်ပါ Organization ကိုလည်းဖြည့်ပေးလိုက်ပါ ဖြည့်ခြင်တာဖြည့်လို့ရပါတယ် Next ကိုနှိပ်လိုက်ပါ (Computer Information မှာသာတွေ့ရမှာပါ ဒီနာမည်တွေကို)























10-Computer name တဲ့ဖြည့်ပေးလိုက်ပါ အောက်က Password တွေကတော့ ဖြည့်လည်းရပါတယ် မဖြည့်လည်းရပါတယ် အကယ်၍ဖြည့်ထားမယ်ဆိုရင်တော့ ကွန်ပျူတာပွင့်လာတိုင်း Password တောင်းနေပါလိမ့်မယ် Password ကိုဖြည့်ပေးလိုက်မှကွန်ပျူတာပွင့်လာတာကိုတွေ့ရပါလိမ့်မယ် Next ကိုနှိပ်လိုက်ပါ























11-ဒါကတော့ အချိန်ကိုပြုပြင်တာပါ ကိုယ်နေတဲ့နှိင်ငံပေါ့ ပီးတော့ Time Zone ကို မြန်မာနိုင်ငံဆိုရင် Rangon ကိုရှာပီးတော့ရွှေးပေးလိုက်ပါ Next ကိုနှိပ်ပါ























12-Typical settings ကိုရွှေးပေးလိုက်ပါ ပီးတော့ Next ကိုနှိပ်ပါ (မှတ်ချက်-Custom settings ကိုရွှေးမယ်ဆိုရင်တော့ ဥပမာ-Window Media Player တို့ Internet Explorer တို့ကိုဖြုတ်ပီးစိတ်ကြိုက်တင်လို့ရပါတယ် အဓိကကတော့ Window ခွေနဲ့ အတူပါလာတဲ့ဖိုင်တွေကို မသွင်းပဲဖြုတ်ထားလို့ရပါတယ်)ပီးရင် Next ကိုနှိပ်လိုက်ပါ

13-အောက်ကဘောက်လေးပွင့်လာပါက OK ကိုသာနှိပ်လိုက်ပါ









14-ဒီအောက်က Box လေးကတော့ Net Work အတွက်ဖြစ်ပါတယ် တော်တော်များများကတော့ WORKGROUP ကိုပဲသုံးတာများပါတယ် ဒါပေမယ့် နက်ဆိုင်တွေမှာတော့ ဥပမာဆိုင်နာမည်က ၁၂၃ ထားလိုက်ဗျာ အဲ့ဆိုရင် ၁၂၃ လို့ထည့်တက်ကြပါတယ်























15-OK ကိုသာနှိပ်လိုက်ပါ











16-ဟောဒီ ဘောက်လေးပွင့်လာပါလိမ့်မယ် Next ကိုသာနှိပ်လိုက်ပါ






















17-ဒါလေးကတော့ တောာ်တော်များများကတော့ Not right now ကိုရွှေးထားတာများပါတယ် အသုံးပြုခြင်ရင်လည်းရပါတယ် နောက်ပိုင်း Window ကို Update တွေလုပ်ခိုင်းလာပါလိမ့်မယ် တစ်ခုခုကိုရွှေးပီးတော့ Next ကိုနှိပ်လိုက်ပါ






















18-ပီးတော့ Skip ကိုနှိပ်လိုက်ပါ






















19-Next ကိုနှိပ်လိုက်ပါ






















20-အကယ်၍ တစ်ခါတည်းနက်ချိတ်မယ်ဆိုရင်တော့ Yes ကိုရွှေးလိုက်ပါ နက်မချိတ်ဘူးဆိုရင်တော့ No ကိုပဲရွှေးပေးလိုက်ပါ ပီးတော့ next ကိုနှိပ်လိုက်ပါ






















21-ဒါကတော့ Window ကို တစ်ခါတည်း register လုပ်တာပါ မလုပ်ခြင်ရင်တော့ no ပေါ့ လုပ်မယ်ဆိုရင်တော့ Yes ပေါ့ဗျာ ဒါပေမယ့် မလုပ်တာကောင်းပါတယ် Next ကိုနှိပ်လိုက်ပါ






















22-အပေါ်မှာ no ကိုရွှေးထားမယ်ဆိုရင်တော့ ဒီဘောက်လေးက ကျလာမှာမဟုတ်ပါဘူး register လုပ်ဖို့တောင်းလာတာပါ လုပ်မယ်ဆိုရင်တော့ လိုအပ်တာတွေကို ဖြည့်ပေးလိုက်ပေါ့ဗျာ






















23-ဒါလေးကတော့ နာမည်တွေကိုထည့်ရမှာပါ ထိပ်ဆုံးတစ်ခုကိုထည့်ရင်ရပါပီ ပီးတော့ next ကိုနှိပ်လိုက်ပါ (အခြားနာမည်တွေက ဥပမာ ကွန်ပျူတာကို သုံးယောက်သုံးမယ်ထားဗျာ အဲ့ဆို ကွန်ပျူတာပွင့်လာတဲ့အချိန်မှာ ကိုယ့်နာမည်နဲ့ကိုယ် ကိုယ့် password နဲ့ကိုယ် အသုံးပြုလို့ရအောင်စီစဉ်ထားပေးတာပါ ကောင်းတာတစ်ခုက လူတစ်ယောက်ရဲ့Data ကို တစ်ယောက်က ကြည့်လို့မရပါဘူး ကွန်ပျူတာ တစ်လုံးထဲကို လေးငါးလုံးပုံစံ ဖြစ်သုံးတာပါ)

24-အားလုံးပီးဆီးသွားပီဖြစ်လို့ finished ကိုသာနှိပ်ချလိုက်ပါ






















နောက်ပိုင်းမှာ Driver သွင်းနည်းတွေရယ် Window တင်ပီးဘာတွေလိုအပ်လည်း ဘယ်လိုသွင်းလည်းဆိုတာကို ဆက်လက်တင်ပေးပါမယ် အဆင်ပြေကြပါစေဗျာ အဆင်မပြေမှုများရှိရင်လည်း ပြောခဲ့လို့ရပါတယ်ဗျာ