Showing posts with label Myanmar Font. Show all posts
Showing posts with label Myanmar Font. Show all posts

8.4.15

Xiaomi Phone တွေ မှာမြန်မာစာ မမြင်ရတာဖြေရှင်းနည်း

To Fix Myanmar Font In App

တချို့ မြန်မာ App တွေ ကို Xiaomi Phone တွေ မှာ မမြင်ရတာ ဖြစ်တတ်ပါတယ်။ ဥပမာ Yangon Buses
ygbus
မြန်မာစာ မမြင်ရပဲ အထက်က လို ပျောက်နေတာ ရှိပါတယ်။
အဲဒီ အတွက် MM Font Helper ကို Google Play Store ကနေ သွင်းပါ။
Download ချပြီးလျှင် MM Font Helper ကို ဖွင့်ပါ။ ပထမဆုံး အကြိမ် ဆိုလျှင် ခဏ စောင့်ရပါလိမ့်မည်။
applist
Yangon Buses App ကို ရှာပါ။ တွေ့ရင် click လုပ်လိုက်ပါ။
mmfont
ခဏ စောင့် ရပါလိမ့်မည်။ ပြီးလျှင် MM Buses App ကို ပြန်ဖွင့်လျှင် မြန်မာ လို မြင်ရပါမည်။
mm

Update MIUI For Root

Root လုပ်လိုက်လျှင် MIUI OTP မရ တော့ပါ။ နောက်ဆုံး version ကို update လုပ်ရန် အတွက် MIUI Download စာမျက်နှာ တွင် မိမိ ဖုန်းကို ရွေးချယ်ပါ။ Redmi Note အတွက် Redmi Note WCDMA Global ကို ရွေးချယ်ပေးဖို့ လိုပါသည်။
Redmi 1S အတွက် Redmi 1S-WCDMA Global ကို ရွေးချယ်ပေးဖို့ လိုပါသည်။
Mi 3 အတွက် WCDMA/CDMA China ကို ရွေးချယ်ပေးဖို့ လိုပါသည်။ Stable ROM သို့မဟုတ် Developer ROM ကို ရွေးချယ်ပေးပါ။ Font သွင်းလို့ပါက Developer ROM ကို ရွေးချယ်ပါ။
Mi 4 အတွက် လက်ရှိ တွင် Stable ROM သို့မဟုတ် Develope ROM သာ ရှိပါသည်။ Font သွင်းလို့ပါက Developer ROM ကို ရွေးချယ်ပါ။
ROM ကို download ချပြီး လျှင် Phone ကို Computer ဖြင့် ချိတ် ပြီး SD Card ထဲတွင် Download ချ၍ ရလာသော ROM ကို ထည့်ပါ။
Updater App ကို ဖွင့်ပါ။
Menu Button ကို နှိပ်ပါ။
Select update package ကို ရွေးပါ။
image1
SD Card ထဲရှိ download ချထားသော zip file ကို ရွေးပေးပါ။
image2
Update ကို နှိပ်လိုက်ပါ။
image3
image4
image5
Update ပြီးလျှင် Reboot to finish ကို နှိပ်ပါ။
image6

Redmi Note , Redmi 1S တို့သည် root permision ပျောက်သွားပါမည်။ Font ပျောက်သွားပါမည်။
Root ပြန်လုပ်ပေးရန် လိုအပ်သည်။
Font ပြန်သွင်း ပေးရန် လိုအပ်သည်။

                       အားလုံးပဲအဆင်ပြေကြပါစေ ။  ။

RedMi 1S Root


RootNative_Redmi1S.zip ကို Download ချပါ။
ရလာသော zip file ကို ဖုန်း ၏ SD card ထဲကို ထည့်ပါ။
Updater App ကို ဖွင့်ပါ။
Menu Button ကို နှိပ်ပါ။
Select update package ကို ရွေးပါ။
image1
SD Card ထဲရှိ download ချထားသော zip file ကို ရွေးပေးပါ။
image2
Update ကို နှိပ်လိုက်ပါ။
image3
image4
image5
Update ပြီးလျှင် Reboot to finish ကို နှိပ်ပါ။
image6
Security App ကို သွားပါ။ Permissions ကို နှိပ်ပါ။
image8
Root permission ကို တွေ့ရပါမည်။
image7

UnRoot

UnRootNative_Redmi1S.zip ကို Download ချပါ။
Root အတိုင်း SD card ထဲ သို့ ရ လာသော zip file ထည့်ပြီး update ပြန်လုပ်ပေးလိုက်ပါ။

                                    အားလုံးပဲ အဆင်ပြေပါစေ။  ။

RedMi Note Root


miui_redminote_rootonly_rel.zip ကို Download ချပါ။
ရလာသော zip file ကို ဖုန်း ၏ SD card ထဲကို ထည့်ပါ။
Updater App ကို ဖွင့်ပါ။
Menu Button ကို နှိပ်ပါ။
Select update package ကို ရွေးပါ။
image1
SD Card ထဲရှိ download ချထားသော zip file ကို ရွေးပေးပါ။
image2
Update ကို နှိပ်လိုက်ပါ။
image3
image4
image5
Update ပြီးလျှင် Reboot to finish ကို နှိပ်ပါ။
image6
Security App ကို သွားပါ။ Permissions ကို နှိပ်ပါ။
image8
Root permission ကို တွေ့ရပါမည်။
image7

UnRoot

miui_redminote_UNROOT_rel.zip ကို Download ချပါ။
Root အတိုင်း SD card ထဲ သို့ ရ လာသော zip file ထည့်ပြီး update ပြန်လုပ်ပေးလိုက်ပါ။

                    အားလုံးအဆင်ပြေပါစေ  ။

Mi4 Root


MIUI Website မှ Developer ROM ကို Download ချပါ။
ရလာသော zip file ကို ဖုန်း ၏ SD card ထဲကို ထည့်ပါ။
Updater App ကို ဖွင့်ပါ။
Menu Button ကို နှိပ်ပါ။
Select update package ကို ရွေးပါ။
image1
SD Card ထဲရှိ download ချထားသော zip file ကို ရွေးပေးပါ။
image2
Update ကို နှိပ်လိုက်ပါ။
image3
image4
image5
Update ပြီးလျှင် Reboot to finish ကို နှိပ်ပါ။
image6
Security App ကို သွားပါ။ Permissions ကို နှိပ်ပါ။
image8
Root permission ကို တွေ့ရပါမည်။
image7

UnRoot

MIUI Website မှ Stable ROM ကို Download ချပါ။
Root အတိုင်း SD card ထဲ သို့ ရ လာသော zip file ထည့်ပြီး update ပြန်လုပ်ပေးလိုက်ပါ။

                          အားလုံးအဆင်ပြေပါစေ။  ။

Mi3 Root


MIUI Website မှ Developer ROM ကို Download ချပါ။ WCDMA/CDMA China ကို ROM ကို ရွေးပေးဖို့လိုသည်။
ရလာသော zip file ကို ဖုန်း ၏ SD card ထဲကို ထည့်ပါ။
Updater App ကို ဖွင့်ပါ။
Menu Button ကို နှိပ်ပါ။
Select update package ကို ရွေးပါ။
image1
SD Card ထဲရှိ download ချထားသော zip file ကို ရွေးပေးပါ။
image2
Update ကို နှိပ်လိုက်ပါ။
image3
image4
image5
Update ပြီးလျှင် Reboot to finish ကို နှိပ်ပါ။
image6
Security App ကို သွားပါ။ Permissions ကို နှိပ်ပါ။
image8
Root permission ကို တွေ့ရပါမည်။
image7

UnRoot

MIUI Website မှ Stable ROM ကို Download ချပါ။ WCDMA/CDMA China ကို ROM ကို ရွေးပေးဖို့လိုသည်။
Root အတိုင်း SD card ထဲ သို့ ရ လာသော zip file ထည့်ပြီး update ပြန်လုပ်ပေးလိုက်ပါ။
                            အားလုံးအဆင်ပြေပါစေ။  ။

Install Zawgyi Font And Keyboard


Font သွင်းရန် ၂ နည်း ရှိသည်။ Mi 3, Mi 4 တို့တွင် developer rom ဖြစ်ပါက theme ပြောင်းရုံဖြင့် ရသည်။ Mi Policy အသစ် အရ ၎င်းတို့၏ designer server ပေါ်တင်မထားသော Thrid Party Theme , Components များကို သွင်း ခွင့် မပေးတော့ပါဘူး။ ဒါကြောင့် Redmi 1s , Redmi Note တို့တွင် Root လုပ်ရသည်။

For Developer ROM

Developer ROM ကို အသုံးပြုထားလျှင် Font File ကို သွင်းနိုင်ပါသည်။ RoboZawgyi.mtz ကို download ချပါ။
Phone ကို Computer နဲ့ ချိတ်ပြီးတော့ SD card သို့မဟုတ် Phone ထဲကို ထည့်ပါ။
Theme app ကို ဖွင့်ပါ။ Local Tab ကို သွားပါ။ Menu button ကို နှိပ်ပြီး Import from SD card ကို ရွေးပါ။
Download ချထားသော robozawgyi.mtz ကို ရွေးပေးပါ။
ပြီးလျှင် Category tab ကို သွားပါ။ Components > Font > Local အောက်က robozawgyi ကို ရွေးပါ။ Apply လုပ်ပါ။
Font

With iFont

iFont ကို အသုံးပြုပြီးတော့လည်း မြန်မာ font သွင်းနိုင်ပါသည်။ မြန်မာစာ တစ်ခု တည်းမြင်ရဖို့ အတွက် root မလုပ်ချင်ရင် iFont ဖြင့် ဦးစွာ စမ်းသပ်နိုင်ပါသည်။
Player Store မှ iFont ကို ပထမ download ချပါ။
ပြီးလျှင် zawgyi20084.3.apk ကို ဦးစွာ download ချပြီး သွင်းပါ။
iFont ကို ဖွင့်ပါ။ MY tab ကို သွားပါ။
iFont
Zawgyi2008 ကို တွေ့ပါမည်။ နှိပ်လိုက်ပါ။
iFont
ပြီးလျှင် Set လုပ်ပါ။
iFont
ပြီးလျှင် OK နှိပ်လိုက်ပါ။ Theme app တက်လာပါမည်။ မတက်လာပါက Theme ကို ဖွင့်ပါ။
ပြီးလျှင် Category tab ကို သွားပါ။ Components > Font > Local အောက်က Zawgyi2008(iFont) ကို ရွေးပါ။ Apply လုပ်ပါ။
အကယ်၍ iFont နည်းဖြင့် မြန်မာစာ မမြင်ရလျှင် Font ကို Default ပြန်ထားပြီး root လုပ်ရန် လိုအပ်ပါသည်။

For Root

မြန်မာ keyboard နှင့် font သွင်းရင် Play Store မှ MM Aio Font Changer ကို Download ချပါ။
Aio Font changer ကို ဖွင့်ပါ။ Xiaomi ဖုန်းရဲ့ Andorid verison ပေါ်မူတည်ပြီး Tab ပေါ်က Android Version ကို ရွေးပေးပါ။ ယခု အချိန်တွင် Redmi , Redmi Note တို့သည် Android 4.2 ဖြစ်သည်။ Mi 3 , Mi 4 တို့ သည် android 4.4 ဖြစ်သည်။
AIO
Android 4.0 မှ 4.2 အတွက် Smart ဇော်ဂျီ ကို ရွေးပါ။ XML Method ကို နှိပ်ပါ။ Root permission မေးလျှင် Allow လုပ်လိုက်ပါ။ ပြီးလျှင် ဇော်ဂျီ မြင်ရပါမည်။
Frozen Zawgyi Keyboard ကို အသုံးပြုနိုင်ပါသည်။
Keyboard သွင်းပြီးပါက Settings -> General settings -> Language & Input -> Keyboard & Input Methods တွင် Default ကို Frozen Zawgyi Keyboard Pro ကို ရွေးပြီး အသုံးပြုနိုင်ပါသည်။

7.4.15

Smart Zawgyi 3 မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်


http://laovoboy.blogspot.com/
မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့် Smart Zawgyi 3 ထွက်ရှိလာပါတယ်။ Android version 1.6 မှ Android 4.4 ဖုန်းများအားလုံးကို ဒီ Tool နဲ့မြန်မာစာသွင်းနိုင်မှာပါ။ ကွန်ပျူတာ Tool တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းထွက် Sony တွေမှာ ဥပမာ Xperia C, Xperia L Build Number အမြင့်တွေဆို Font သွင်းတဲ့ပုံစံပြောင်းသွားပါတယ်… အရင်ပုံစံတွေနဲ့အဆင်မပြေတော့ပါဘူး… နောက် Huawei G610-U00,Y320-U00 ဆို ၀လုံးတွေထပ်နေတယ်… Y511-U00 ဆိုမြန်မာစာကိုမပေါ်ဘူး… အဲ့ကောင်တွေမှာမြန်မာစာအဆင်ပြေအောင်… နောက် Smart Zawgyi သွင်းပြီးအဆင်မပြေလို့ပြန်ဖြုတ်ချင်ရင်လဲပြန်ဖြုတ်လို့ရအောင်ဒီ Version မှာပြင်ပေးထားပါတယ်… နောက် Bootloop မပတ်အောင်လဲ ကွန်ပျူတာပေါ်ကနေ မ Run ခိုင်းပဲ ဖုန်းပေါ်ကနေ Run ခိုင်းထားတယ်… Font ပုံစံကိုလဲမသေးအောင် ကြည့်ရှု့လို့ကောင်းအောင်ပြင်ပေးထားပါတယ်။
Smart Zawgyi 3 ကိုအောက်က link များမှာရယူနိုင်ပါတယ်။
ယခု Tool မှာ ကွန်ပျူတာ Tool ဖြစ်ပြီး  Smart Zawgyi 3 ကို ဖုန်း application ဖြင့် font ပြောင်းလဲလိုပါက MMAS Zawgyi Changer 2 v1.0.5 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
အဆင်ပြေပါစေ။  ။

31.3.15

မြန်မာ Font နဲ့ ကီးဘုတ် ပါဝင်ပြီးသား HTC M8 Clone Firmware

 

မြန်မာ Font နဲ့ ကီးဘုတ် ပါဝင်ပြီးသား HTC M8 Clone Firmware


လူသုံးများလာပြီး ဈေးနှုန်းချိုသာမှုရှိပြီး လုပ်ဆောင်မှုလည်းကောင်းမွန်တဲ့ Android 4.4.2
သုံးထားတဲ့ HTC M8 ပုံစံ Cloneဖုန်းလေးဖြစ်ပါတယ်။ MTK 6572 Chip ကိုအသုံးပြုထားပြီး သွက်သွက်လက်လက်အသုံးပြုနိုင်တာကြောင့်လူကြိုက်များလှပါတယ်။ သူ၇ဲ့ ပြသနာ က မြန်မာ Font သွင်းတဲ့ Apk တွေနဲ့ Font ချိန်းလိုက်တာနဲ့  Firmware ပါလစ်သွားတတ်ပါတယ်။
ကျွန်တော်လည်း မြန်မာ Font မြင်ရအောင် မျိုးစုံကလိပြီးသကာလ အဆင်ပြေသွားတာနဲ့  Firmware လေး BackUp ထုတ်ထားလိုက်ပါ တယ်။ ခုအားလုံးသုံးလို့ ရအောင် MPT ကိုအံတုပြီး Upload လုပ်ပေး
လိုက်တာပါ။ အတွေ့ ကြုံနုသေးတဲ့ services ဆရာတွေ Font ထည့်မှား လို့  Firmware ပျက်သွားခဲ့ရင်အဆင်ပြေအောင်လို့ ပါ။ မြန်မာ Font နဲ့ ကီးဘုတ် ပါဝင်ပြီးသား HTC M8 Clone Firmware
လေးကိုအောက်ကလင့်မှာ Download ရယူနိုင်ပါပြီ. Flash ရမဲ့ Spflashtool ကိုပါတစ်ခါတည်းထည့်သွင်းပေးပါတယ်။




HTC M8 Clone Firmware : 242.68 Mb


ဒီမှာဒေါင်းပါ Mp Firmware


ဒီမှာဒေါင်းပါ MediaFire

7.3.15

ဇော်ဂျီရောယူနီကုတ်ဖောင့်နဲ့ကီးဘုတ်ကိုထည့်သွင်းအသုံးပြုနိုင်မယ့် - Zawgyi & Unicode Fontchanger Apk

ဇော်ဂျီရောယူနီကုတ်ဖောင့်နဲ့ကီးဘုတ်ကိုထည့်သွင်းအသုံးပြုနိုင်မယ့် - Zawgyi & Unicode Fontchanger Apk


 
Zawgyi & Unicode Fontchanger Apk 
မင်္ဂလာပါ...
 

ကျနော့်ဆီမှာ အများဆုံးတောင်းဆိုထားကြတဲ့
Zawgyi & Unicode Font Apk လေးပါ
ကျနော်ကိုယ်တိုင်း ရေးဆွဲထားလည်းမဟုတ်သလို
ပိုစ့်ကိုလည်း ပထမဆုံး တင်ပေးသူမဟုတ်ရပါခင်ဗျား...


အစ်ကိုပြည့်ဖြိုး (MMiTD) ရဲ့ နည်းပညာ ဆိုက်မှာ
တွေ့လာလို့ အားလုံးအတွက် အဆင်ပြေသွားအောင်
ကျနော် ယူလာရခြင်းဖြစ်ပါတယ်။

ကျနော်ဒီပိုစ့်လေးကို တင်ပေးနေချင်ခဲ့တာ
ကြာပါပြီ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်
မတင်ပေးအားတာပါ၊ အထူးသဖြင့် နည်းပညာ ညီအကိုများ
တင်ပေးထားကြတာကို တွေ့နေရတော့ အားလုံးသိလောက်ပြီ
ရကြလောက်ပြီလို့ ထင်နေတာကြောင့်လည်း မတင်ပေးဖြစ်တာပါ။

ကဲဗျာ ဒီ Apk လေးကို အထူးအလိုရှိနေတဲ့ ဘော်ဒါတွေ
ကျနော့်ဆီမှာ တကူးတကလာတောင်းဆိုထားကြတဲ့ FB မှ
ချစ်ပရိတ်သတ်ကြီးနဲ့ ညီအကိုများအတွက် ကျနော် တစ်ဆင့်
ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ...

ပြီးတော့ ဒီ Apk လေးကို မူရင်းတင်ပေးထားသူ
ကျနော်တို့ရဲ့ နည်းပညာ ညီအကို ဖြစ်တဲ့ ပြည့်ဖြိုး(MMiTD) ရဲ့
ဒီဆော့ဝဲလေးနဲ့ ပတ်သက်လို့ မိတ်ဆက်ထားတာလေးကို
အသေအချာဖတ်ကြည့်ပြီး အောက်ကလင့်များမှာ အဆင်ပြေသလို
ဒေါင်းယူအသုံးပြု နိုင်ကြပါပြီ။
 ================

အခုခေတ်က Unicode ကိုတွင်ကျယ်အောင်လုပ်နေကြတယ်ဆိုတော့
 Unicode ကိုဖုန်းထဲမှာအသုံးပြုချင်သူ များအတွက်
 Zawgyi & Unicode Fontchanger Apk လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ 
Zawgyi ရော Unicode ပါနှစ်မျိုးလုံး မိမိကြိုက်တဲ့ Font ကို 
Change ပေးမှာဖြစ်ပါတယ်ဗျာ။
 မြန်မာ ဖောင့် changer ပါ smart/zawgyi one နဲ့ padauk/mm3 ကို
 version အလိုက် ထည့်ထားပါတယ်။ 
 Zawgyi ကိုပဲအသုံးပြုချင် သူများအတွက်လည်း Zawgyi One နှင့် 
Smart Zawgyi ဆိုပြီးရွေးချယ်နိုင်သလို Zawgyi အတွက်
 Frozen Keyboard ကိုပါတစ်ခါထဲ Install လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျာ။
 Unicode အသုံးပြုချင်တယ်ဆိုရင်လည်း Myanmar3 နှင့် Padauk 
ဆိုပြီးရွေးချယ်နိုင်သလို Burma Uni Keyboard ကိုပါတစ်ခါထဲ 
Install လုပ်ပေး သွားမှာဖြစ်ပါတယ်ဗျာ။ 
ကဲဗျာဘယ်လောက်တောင်အဆင်ပြေလိုက်လည်းဗျာ။
 Android OS 1.5 မှ 2.3 အထိ ၊ 
 Android OS 4.0 မှ 4.2 အထိ နှင့် Android OS 4.3 နှင့်အထက် 
ဆိုပြီး Android OS Version အလိုက်ရွေးချယ်
 Install လုပ်ပေးရမှာဖြစ်ပါတယ်ဗျာ။

ဒေါင်းလော့လင့်များကို ကျနော် ၅ ခုထိတင်ပေးထားပါတယ်
မူရင်းလင့် ဖြစ်တဲ့ အစ်ကိုပြည့်ဖြိုးရဲ့ လင့်ကိုလည်းဒီအတိုင်း
တင်ပေးထားလိုက်ပါတယ်

Download Here

OR

OR

OR

OR

Credit to Original Creater



အဆင်ပြေပါစေ