7.4.15

Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို MIUI ROM တင်နည်း

Flash-or-Update-MIUI-ROM-on-Xiaomi-



Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို Official MIUI ROM တင်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီပို့စ်မှာတော့ Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို MIUI ROM တင်နည်းကို နည်းလမ်း (၂) မျိုးဖြင့် ရှင်းလင်းပြထားပါတယ်။ အဆင်ပြေတဲ့နည်းနဲ့ ROM Flash နိုင်ပါတယ်။
 
Updater app ကိုအသုံးပြု၍ MIUI ROM တင်နည်း
ဒီနည်းလမ်းကတော့ Xiaomi ဖုန်း/Tablet တွေမှာ Built-in ပါတဲ့ app ဖြစ်တဲ့ Updater app ကနေတစ်ဆင့် ROM Flash ခြင်းနည်းလမ်းပါ။
Step 1. သင့်ရဲ့ Xiaomi ဖုန်း/Tablet နဲ့ကိုက်ညီမယ့် နောက်ဆုံးထွက် MIUI ROM ကို အောက်က link ကနေအရင်ရယူပါ။
Download Now
Step 2. Download လုပ်လို့ရလာတဲ့ ROM zip file ကို ဖုန်း/Tablet ရဲ့ Internal Storage/SD Card ထဲသို့ထည့်ထားပါ။
Step 3. Xiaomi ဖုန်း/Tablet ပေါ်က Updater app ကိုဖွင့်ပါ။ ပြီးရင် Menu Button ကိုနှိပ်ပါ။  Select installation ZIP file or Select Update package ကိုနှိပ်လိုက်ပါ။ ခုနက Internal Storage/SD Card ထဲမှာထည့်ထားခဲ့တဲ့ ROM file ကိုရွေးပေးလိုက်ပါ။ ပြီးရင် Update Now ကိုနှိပ်ပါ။ လုပ်ပုံအဆင့်ဆင့်ကိုတော့ အောက်မှာကြည့်ရှုပါ။

Flash MIUI ROM
ROM Update လုပ်လို့ပြီးသွားပြီဆိုရင်တော့ Reboot Now သို့မဟုတ် Reboot to New version ကိုနှိပ်လိုက်ရုံပါပဲ။
Reboot MIUI
ဒါဆိုရင် Xiaomi MIUI ROM latest/update version ကို သင့်ရဲ့ Xiaomi Device မှာအောင်မြင်စွာ Flash ပြီးသွားပါပြီ။

2. Flash MIUI ROM in Recovery

ဒုတိယနည်းအနေနဲ့ကတော့ Recovery Mode ထဲကနေ MIUI ROM တင်နည်းပါ။
Step 1. သင့်ရဲ့ Xiaomi ဖုန်း/Tablet နဲ့ကိုက်ညီမယ့် နောက်ဆုံးထွက် MIUI ROM ကို အောက်က link ကနေအရင်ရယူပါ။
Download Now
Step 2. Download လုပ်လို့ရလာတဲ့ ROM ဇစ် File ကို update လို့နာမည်ပြောင်းပါ။ (update.zip ဖိုင်ပေါ့) ။ ပြီးရင် သင့်ရဲ့ Xiaomi ဖုန်း/Tablet ရဲ့ Internal Storage/SD Card ထဲသို့ထည့်ပါ။ 
Step 3.  Xiaomi ဖုန်း/Tablet ပေါ်က Updater app ကိုဖွင့်ပါ။ ပြီးရင် Menu Button ကိုနှိပ်ပါ။ Reboot to recovery mode ကိုရွေးပါ ။ Reboot ကျပြီး Recovery Mode ထဲသို့ရောက်သွားပါမယ်။ ROM Brick ဖြစ်နေတဲ့အနေအထား ၊ ဖုန်းကိုပါဝါပိတ်ထားတဲ့အနေအထား ကနေ Recovery Mode ထဲကိုဝင်ချင်ရင်တော့ ဖုန်းကိုပါဝါအရင်ပိတ်ပါ။ ပြီးရင် Volume+ Key နဲ့ ပါဝါခလုတ်ကို တစ်ပြိုင်တည်းတွဲနှိပ်ပါ။ Screen လင်းမလာခင်အထိတွဲနှိပ်ထားပါ။


Step 4. Recovery Mode ထဲကိုရောက်သွားပြီဆိုရင်တော့   “English” ကိုရွေးပါ။  (အထက်အောက်ရွေးချယ်ရန် Volume Key များကိုအသုံးပြုပါ ။ ရွေးချယ်ရန် Power Button ကိုနှိပ်ပါ).
mi3 recovery mode1

“Install Update zip..” Option ကိုရွေးပါ။
Install Update Zip
Installation Process ပြီးသွားပြီဆိုရင်တော့ “Reboot to System one” ကိုနှိပ်ပြီး ပြန်ထွက်လို့ရပါပြီ။
ဒါဆိုရင် Xiaomi MIUI ROM latest/update version ကို သင့်ရဲ့ Xiaomi Device မှာအောင်မြင်စွာ Flash ပြီးသွားပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ။

Samsung Galaxy S4 (GT-I9505 ) ကို Android Version 4.3 တင်နည်း


Samsung Galaxy S4 (GT-I9505 ) ကို Android Version 4.3 တင်ခြင်တဲ့ ဘော်ဒါတွေကို ကြိုတင်အသိပေး ပါတယ် အခု version 4.3 ကLeaked firmware ဖြစ်တဲ့အတွက် တင်သင့်မတင်သင့်
မိမိဘာသာ ဆုံဖြတ်ပါ ကျွန်တောတင်သုံး နေတာဘာ error မှ မတက်သေပါဘူ



  Galaxy S4 (GT-I9505 )  4.3  Rom ကိုဒေါင်းရန်

Odin ဖိုင်းကိုဒေါင်းရန်

အာလုံးအဆင်သင့် ဖြစ်ရင် firmware တင်ဖို့ အတွက် Odin ဖိုင်းကိုဖွင့်ပါ ပြီရင်ဖုန်းကို
vol-down + home + power ကိုဖိပြီ downloand mode ၀င်ပါ ပြီရင် computer နဲချိတ်ဆက်ပေးလိုက်ပါ Odin ဖိုင်းက ဖုန်းကိုသိအောင်ခဏစောင့်ပေးလိုက်ပါ

ပြီရင်ပုံထဲကအတိုင် zip ဖြည့်ထားတဲ့ firmware ဖိုင်းကိုမှန်အောင်ရွေးပေးပါ
Add AP_I9505XXUEMI8_1715731_REV06_user_low_ship_MULTI_ CERT.tar.md5 to AP
- Add BL_I9505XXUEMI8_1715731_REV06_user_low_ship_MULTI_ CERT.tar to BL
- Add CP_I9505XXUEMI8_1715731_REV06_user_low_ship_MULTI_ CERT.tar.md5 to CP
- Add CSC_OXA_I9505OXAEMI8_1715731_REV06_user_low_ship_M ULTI_CERT.tar.md5 to CSC

ပြီးရင် Start နေရာမှာ နှိပ်ပြီ ခဏစောင့်နေပါ 

ပြီးရင်ဖုန်းက reboot ကျပြီ ပြန်တက်လာရင် Android Version 4.3 ကိုတင်လို့ အောင်မြင်ပါပြီ။


                                               အားလုံးအဆင်ပြေပါစေ။    ။

Lenovo S820 ကို Offical Rom ပြန်တင်နည်း


ထိုင်းဖုန်းဈေးကွက်ထဲက lenovo အမှတ်တံဆိပ်ထဲက ဈေးနှုန်းသက်သာတာရယ် ကင်မရာ ကောင်တာရယ်  ဖုန်း size အနေတော်အရွယ်စာမှာ ၇ှိတဲ့ Lenovo S820 ဖုန်းတွေ အသုံးများလာကြပါတယ် အဲဖုန်းတွေ ကိုင်ဆောင်တဲ့ ဘော်ဒါတွေ အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်ပြီ စိတ်ညစ်နေတဲ့ ဘော်ဒါတွေ စိတ်မညစ်ရအောင် လိုအပ်တဲ့ ဖိုင်းတွေ အောက်မှာဒေါင်ယူလိုက်ကြပါ



S820 Firmware ကိုဒေါင်းရန်

pass  -  bbs.lenovomobile.com

အခုပြထားတဲ့နေရာမှာ နှိပ်ပြီ ဒေါင်းလုပ်ဆွဲပါ

ပြီးရင် ရလာတဲ့ zip ဖိုင်းကို zip ဖြည့်လိုက်ပါ ဒီပုံအတိုင်တက်လာပါမယ်

ပြီးရင်အထဲက zip ဖိုင်းတွေထဲကtarget_binဆိုတဲ့ zip ကိုဖြည့်လိုက်ပါ
ပြီးရင်အောက်က SP FlashTools ကိုဒေါင်းလိုက်ပါ

FlashToolsကိုဒေါင်းရန်

ပြီးရင်တခြားmobile  ဖုန်းကိုတင်သလိုပဲ တင်လို့ရပါပြီ။  ။


                                              အားလုံးအဆင်ပြေပါစေ။    ။

Samsung Galaxy Tab 2 7.0 (GT-P3100) offical 4.2.2 တင်နည်း


Galaxy Tab 2 7.0 (GT-P3100) android  4.2.2 Jelly Bean update တင်ခြင်သူများအတွက် တင်ပေးလိုက်တာပါ  4.2.2 တင်မဲ့သူများ လို အပ်တဲ့ ဖိုင်းတွေ အောက်မှာဒေါင်းယူလိုက်ပါ




Galaxy Tab 2 7.0 (GT-P3100) firmware ကိုဒေါင်းရန်

Odin ဖိုင်းကိုဒေါင်းရန်

လိုအပ်တဲ့ဖိုင်းတွေ ဒေါင်းပြီရင် Odin ဖိုင်းကို zip ဖြည့်လိုက်ပါ
ပြီရင် Odin ဖိုင်းကို ဖွင့်ပေးပြီ tablet ကို Download Mode ဖြစ်အောင်
vol-down + home + power ကိုဖိပြီ warning စာတန်းတက်လာရင် vol-up ကိုဖိပေးလိုက်ရင်
downloanding စာတန်တက်လာပါမယ် ဒါဆို tablet ကိုကွန်ပျူတာနဲချိတ်ဆက်ပေးလိုက်ပါ
ပြီရင် Odin က table ကိုသိပြီဆိုရင် PDA နေရာမှာ ဒေါင်းထားတဲ့ firmware ဖိုင်းကိုရွေးပေးလိုက်ပါ
ပြီရင်Start နေရာမှာနှိပ်ပြီ ခဏစောင့်ပေးလိုက်ပါ PASS စာတန်တက်လာတဲ့အထိပါ
PASS စာတန်တက်လာရင် USB ကြိုဖြုတ်ပြီ tablet ကို reboot ချပေးလိုက်ပါ reboot ချပြီ ပြန်တက်လာရင်  Galaxy Tab 2 7.0 (GT-P3100) ကို 4.2.2 တင်လို အောင်မြင်ပါပြီ

 
 
အားလုံးအဆင်ပြေပါစေ။      ။

UNI Android Tools

                                
ဒီတစ်ခါ service သမားတွေ ဆိုင်သမားတွေ အတွက် အသုံးဝင်မဲ့ tools တစ်ခုလေးတွေ့ လာလို့   ၇ှယ်ပေးလိုက်ပါတယ် လွယ်လွယ်ကူကူနဲ့ FlashBoot Mode , Recovery Mode, Download Mode,
 Reset Gmail,Bypass Pattern Lock,Wipe Data,Root,Unroot,Apk Install,စသည့်တို့ အပြင် တစ်ခြာလုပ်ဆောင်ချက်တောတောများကို အလွယ်တစ်ကူ လုပ်ဆောင်နိုင်ပါတယ်

လိုအပ်သူများအောက်ကလင့်မှာဒေါင်းယူလိုက်ပါ

Uni android Tools ကိုဒေါင်းရန်




                                                          အားလုံဆင်ပြေကြပါစေ။   ။

Lenovo S90 ကို အလွယ်တစ်ကူ Root လုပ်နည်း

http://laovoboy.blogspot.com/

အခုနောက်ထွက် lenovo ရဲ့ ဖုန်းသစ်တစ်မျိုးဖြစ်တဲ့ IPhone6 ဒီဇိုင်နဲ့ဆင်တူတဲ့ Lenovo S90 ဖုန်းတွေ ၀ယ်ထားကြပြီ မြန်မာစာသွင်းဖို့ ROOT လုပ်မရသေတဲ့ ဘော်ဒါတွေ အတွက် Root လုပ်နည်းတင်ပေးလိုက်တာပါ  ဒီကောင်ကြ စွယ်စုံရ Root Tools တွေနဲ့မပေါက်ပါဘူ သူအတွက်လောလောဆယ် ပေါက်တဲ့ Root ဖိုင်းလေကို အောက်မှာဒေါင်းယူလိုက်ကြပါ



Root ဖိုင်းကိုဒေါင်းရန်

ရလာတဲ့ zip ဖိုင်းကိုဖြည့်လိုက်ပါ ဒီပုံ အတိုင်ပါ
http://laovoboy.blogspot.com/
အဲထဲမှာ driver ဖိုင်းတွေ ကအစ ပါပါတယ် driver မသွင်းရသေရင်အရင်ဆုံးသွင်းလိုက်ပါ သွင်းနည်းက အများပြာသိကြမှာပါ ပြီရင် ဖုန်းကို ပိတ်လိုက်ပါ ပြီရင် vol up ဖိပြီ usb ကြိုထိုပြီ ချိတ်ဆက်လိုက်ပါ ကွန်ပျူတာက ဖုန်းကိုသိသွားပြီဆိုရင်  Root ဖိုင်းထဲက S90 root နေရာကိုဖွင်လိုက်ပါ
http://laovoboy.blogspot.com/
သူက ဖုန်းကိုသိပြီ သူဟာသူ root လုပ်သွားပါမယ် ပြီရင် ဖုန်းက reboot ကျပြီ ပြန်တက်လာရင်လိုခြင်နေတဲ့ superuser လေ ရောက်နေပါပြီ......


                                              အားလုံးအဆင်ပြေနိုင်ကြပါစေ။  ။

3.4.15

China Tablet Firmware Backup Tool (MTK, Rockchip, Allwinner)


  ဒီ BackupTool လေးထွက်တာတော့်ကြာပါပြီ Service သမားအဖို့အကျိုးဝင်ပါတယ်
 
ယိုးဒယား developer တစ်ယောက် ရေးထားတဲ့ Firmware Backup Tool လေးပါ။
MTK,Allwinner,Rockchip တွေအတွက် Backup လုပ်လို့ ရပါတယ်။
အခြား function အချို့လည်း ပါ ပါတယ်။ 
အောက်မှာဒေါင်းပါ  အသုံးပြုနည်း video ဖိုင်ပါထည့်ထား သည်
အဆင်ပြေပါစေ။   ။

31.3.15

Xiaomi's (OR) MI Phones များအတွက် Root ပြုလုပ်နည်း + မြန်မာ Font ထည့်သွင်းနည်း

Xiaomi's (OR) MI Phones များအတွက် Root ပြုလုပ်နည်း + မြန်မာ Font ထည့်သွင်းနည်း

-----------------------------------------------------------------------------------------



 
ြဲ့မြန်မာစာဖောင့်ကို MI Phones အတော်များများမှာ ထည့်သွင်းအသုံးပြုလို့ရမယ့် နည်းလမ်းလေးတွေ ရေးပေးလိုက်ပါတယ်…

မြန်မာစာဖောင့်ထည့်ရန် နှင့် Root လုပ်ရန်အတွက် ဒီနည်းလမ်းတွေကိုတော့ လုပ်တတ်ရန် လိုအပ်ပါသည်….

မြန်မာဖောင့်သီးသန့်ရချင်ရင်တော့ ဒါလေးကို ဒေါင်းလိုက်ပီး သူ့အဆင့်အတိုင်း လုပ်လိုက်တာနဲ့ အဆင်ပြေပါသည်….

မှတ်ချက်။ တချို့ဖုန်းများတွင် လုပ်လို့မရပါ... ဒါကြောင့် အောက်ကရေးထားသော ဒုတိယနည်းလမ်းကို အသုံးပြုပါရန်...


iFont apk
http://www.mediafire.com/download/8yc24ofinvv41gl



အဲ့ဒါလေးကို ဒေါင်းလိုက်ပါ… ပြီးရင် Install လုပ်ပါ...

၁။ အနီရောင်အ၀ိုင်းလေးထဲမှာ ‘my’ ဆိုတာလေးကို နှိပ်လိုက်ပါ….

၂။ အာက်ဘက်ထဲမှာ မြန်မာစာဖောင့် ၆ မျိုး ၇ မျိုးလောက်ပါဝင်ပါတယ် အဆင်ပြေတာကို သွင်းလို့ရပါတယ်…

၃။ လိုချင်တဲ့ဖောင့်ကို တွေ့ပီဆိုရင် Enter နှိပ်ပါ။

၎။ Download ဆိုပီး ပေါ်လာရင် Enter နှိပ်ပါ

၅။ Set ဆိုပီး ပေါ်လာပါလိမ့်မယ် Enter နှိပ်ပါ

၆။ New Box လေး ပေါ်လာပါလိမ့်မယ် OK နှိပ်

၇။ New Box လေး ပေါ်လာပါလိမ့်မယ် OK နှိပ်

၈။ Theme ထဲကို ရောက်သွားပါလိမ့်မယ်.. Catagory ထဲက Edit Theme > ဆိုတာကို နှိပ်လိုက်ပီးလိုက် Font ဆိုတဲ့နေရာပါတဲ့ Page လေး ပေါ်လာပါလာလိမ့်မယ်… Font ကို ရွေးလိုက်ပါ...

၉။ သင့် iFont ကနေ ဒေါင်းလော့လုပ်ထားတဲ့ မြန်မာစာဖောင့်ကို အဲဒီ့ထဲကနေ ရွေးပီး Apply လုပ်ပေးလိုက်ပါ...

၁၀။ သင့်ရဲ့ ဖုန်းမှာ မြန်မာလို မြင်ရပါပီ…



ကီးဘုတ်အတွက်ကတော့ Frozen နဲ့ Bagan ကို ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်ပါတယ်..

Root လုပ်ရန်

For Note: http://www.mediafire.com/download/01396uqsv8s8a6d

For 1s: http://www.mediafire.com/download/slj0d2lx7cr1t18


For mi3w/c: http://www.mediafire.com/download/li0qui0niur1qxo



၁။ သင့်ဖုန်းရဲ့ Updater ကိုသွားပီး Menu Key ကိုနှိပ်ပါ၊ Install Select Package ကို ရွေးပါ...

၂။ သင့်ဖုန်းအတွက် ဒေါင်းလော့ချထားတဲ့ Root zip ဖိုင်ကို ရွေးပီး OK နှိပ်ပါ...

၃။ Reboot ကျပီး ပြန်တက်လာလျှင် သင့်ဖုန်း Rooted ဖြစ်ပါပြီ... သို့သော် Security > Permission > Root Permission > On ပေးရန်တော့ လိုအပ်ပါသည်..


၎။ သင့်ဖုန်းလေး အထက်ပါအဆင့်ဆင့် လုပ်ဆောင်ပီးပါက Root Access လိုအပ်သော Apps များကို ထည့်သွင်း အသုံးပြုနိုင်ပါပြီ….

၅။ သင်သုံးချင်သော Apps များကို Install လုပ်လိုက်ပါ... ပြီးလျှင် ဖွင့်လိုက်ပါ.... Root Access လိုတယ်လို့ ပြောပါလိမ့်မယ်.. အဲဒီ့အချိန်ကျလျင် Security > Permission > Root access ဆိုတဲ့နေရာမှာ ခုနက Root access လိုတယ်လို့ ပြောနေတဲ့ App လေးကို တွေ့ပါလိမ့်မယ် On ပေးလိုက်ပါ... ပြီးလျှင် ထို App ကို ပြန်ဖွင့် အသုံးပြုလို့ရသွားတာကို တွေ့ရပါလိမ့်မယ်…. ဒီနေရာကို နည်းနည်းရှည်ရှည် ရှင်းပြရတာက MM font changer တွေ ထည့်ရင် မလွှဲမသွေ ကြုံရမယ့် နေရာဖြစ်နေလို့ပါ…. Font changer သုံးမယ့် သူငယ်ချင်းများ Smart Zawgyi မှ အဆင်ပြေပါမယ်….ကြိုတင်ပြောပြပေးထားတယ်… အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ…


မြန်မာစာဖောင့်  MM font changer for rooted ph:

ZFC: http://www.mediafire.com/download/zdjmxeyikay6gdh

MM Aio: http://www.mediafire.com/download/wq6ujnby3ac7aii


  MMAS Zawgyifont Changer: http://www.mediafire.com/download/hnmxxszjmv7sv7d


 
Myanmar keyboard

Bagan....http://www.mediafire.com/download/bgei24ttxiom3km


Frozen....http://www.mediafire.com/download/4not4zddqu9c89y   
 
 
 
အဆင်ပြေနိုင်ကြပါစေ။  ။
 

ဖုန်း Hardware Power ပိုင်းဆိုင်ရာ အကြောင်း...

ဖုန်း Hardware Power ပိုင်းဆိုင်ရာ အကြောင်း...


ဖုန်းတစ်လုံးရဲ့ powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့ အခေါ်အဝေါ်နဲ့ ပေါင်းစပ် အလုပ်လုပ်ပုံ။ ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကို အခုမှ စတင်လေ့လာနေတဲ့ ညီငယ်များပါ နား လည် သဘောပေါက်အောင်၊ ပုံလေးတွေနဲ့ တကွ ရှင်းပြပေးထားပါတယ်။

တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ ဒီလို အဆင့်မြင့် နည်းပညာတစ်ခုကို အခြေံအဆင့် မီတာတိုင်းနည်းတောင် မ သိသေးတဲ့ ညီငယ်တွေအတွက် အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ ဒါပေမယ့် ဘာမှအားမငယ်ပါနဲ့  ညီလေးတို့ ၊ ဇွဲရှိရှိနဲ့ ကြိုးစားအားထုပ်ဖို့ ပဲလိုပါတယ် အဆင်ပြေရင်တော့ အခြေခံပိုင်းပါ ပေါင်းစပ် သင်ပေးတဲ့ သင်တန်းတွေကို မေးမြန်းပြီးတက်ပေါ့။

ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေက..

(၁) capacitor
 အ၀ါရောင်နဲ့ အညိုရောင် အတုံးလေးတွေပါ။ သူတို့ က ပတ်လမ်းမှာ လိုအပ်တဲ့ dc volt ကို တည်ငြိမ်မှု ရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာ ရောရှက်ပါလာတဲ့ ac လှိုင်း အနှောက် အယှက်တွေကိုလဲ ဖယ်ရှားစစ်ထုပ်ပေးပါတယ်။ ဒါကတော့ capacitor လေးတွေရဲ့ ပုံပါ။



ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ် ထားပါတယ်၊ တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး ဖုန်းပါဝါသေတဲ့ ပြစ်ချက်မျိုးတွေ ကြုံရပါ တယ်။



ဒီပုံမှာဆိုရင် မျှားအနီရောင်လေး ပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီး ပါဝါသေနေတာပါ၊ power supply နဲ့ ချိတ်လိုက်ရင် အမ်ပီယာ အဆုံးထိ ပြသွားပါတယ်။ ဒီလိုပြစ်ချက်မျိုးက အတွေ့ အကြုံများတဲ့ သူဆိုရင် ချက်ချင်း စဉ်းစားမိမှာပါ။ battery ငုတ်ရဲ့ အ၀င်မှာနားက အပေါင်းအနှုတ်လိုင်းကို ခွပြီးတတ် ထားတဲ့ ဒီကောင်လေးက dc ဗို့ ကို လုံးဝပိတ်ချလိုက်တာ။ Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက် ကတော့၊ရှော့ဖြစ်ပြီး ၀ါယာကြိုးတစ်ချောင်းလို ဖြစ်သွားတာ နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ် ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုး လုံးဝပျောက်သွားတာမျိုးပါ။ ရေ၀င်တဲ့ ဖုန်းတွေမှာ အဖြစ်များ ပါတယ်။ တကယ်လို့ ဒီပစ္စည်းလေး တွေကို အစားထိုးပြုပြင်မယ်ဆိုရင်၊ စက်ပြားဟောင်းလေးတွေ စုဆောင်းထားရပါမယ်။ ဖုန်းထဲမှာ အသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ ပစ္စည်းလေးတွေကို အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ ဒါကြောင့် စက်ပြားများများ စုဆောင်းထားတဲ့ သူဟာ အလွယ်တကူပဲ ပြင်ဆင်လို့ ရသွားမှာပါ။

(၂) Resistor 
ဒီကောင်လေးတွေက အမဲရောင် အတုံးအသေးဆုံးလေးတွေပါ။ အရွယ်နဲနဲကြီးတဲ့ ကောင်တွေလဲ အနဲငယ် သုံးပါတယ်။ သူတို့ ကတော့ရှော့ဖြစ်တယ်လို့ သိပ်မရှိပါဘူး open ပြတ်သွား တာများပါတယ်။ fuse resistor ကိုတော့ အဖြူရောင် အတုံးလေးတွေအဖြစ် ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD Resistor လေးတွေပါ။



(၃) coil 
ကွိုင်လေးတွေကိုတော့ ပါဝါပိုင်းမှာ အနဲဆုံးလေးလုံးကနေ ခြောက်လုံးထိ တွေ့ ရတတ်ပါ တယ် ကွိုင်လေးတွေ သုံးရခြင်းရဲ့ အကြောင်းကတော့၊ ပတ်လမ်းမှာ လိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊ dc လျှပ်စီးကြောင်းကနေ ac အသွင်ကို ကူးပြောင်းယူရန်၊ dc ဗို့ ကို လို အပ်သလို ထုပ်ယူပေးနိင်ရန် အသုံးပြုကြပါတယ်။ ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။



(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။ ပါဝါပိုင်းမှာ နှစ်မျိုးစလုံး သုံး တတ်ပါတယ်။ ဒီကောင်လေးတွေက လျှပ်စီးကြောင်းတွေကို လိုအပ်သလို အပိတ်အဖွင့် လုပ်တဲ့နေရာမှာ သုံးကြပါတယ်၊ နောက်တစ်မျိုးက battery ကို အားသွင်းတဲ့ နေရာမျိုးမှာ အမ်ပီယာကို လိုအပ်သလို ထိန်း ချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။ ဒီပစ္စည်းလေးတွေ ပျက်စီးသွားရင်တော့ အမျိုးအစားတူ တစ်ခုခုနဲ့ လဲလှယ် အသုံးပြုသင့်ပါတယ်၊ ခြေတောက်ကို ကြိုးပူးပြီး သုံးတာရတယ်ဆိုပေမယ့် ၊တစ်ချို့ ပတ်လမ်းတွေမှာ ပါဝါ အဖွင့်အပိတ် လုပ်ပေးယုံသာမကပဲ၊ charging ပိုင်းကိုပါ တွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက် လာနိင်ပါတယ်။ ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။



(၅) DIODE 
ဒီကောင်လေးတွေကတော့ ပါဝါပိုင်းမှာ မပါ၇င်မဖြစ်တဲ့ ပစ္စည်းလေးတွေပါ အေစီကနေ ဒီစီကိုပြောင်းပေး တဲ့နေ၇ာမှာ သုံးပါတယ်။ နောက်တစ်ခုက zener diode ပါ၊ သူ့ ကိုတော့ တစ်ချို့ ညီငယ်တွေ သိပ်သိမှာ မဟုတ်ပါဘူး။ သူက ဘာလုပ်ပေးလဲဆိုတော့ ဒီစီဗို့ ကို ကန့် သပ်ပြီး တည်ငြိမ်အောင် ထိန်းငြှိပေးပါတယ် အထူးသဖြင့် charging ပိုင်းတွေမှာ အသုံးများပါတယ်၊ ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ်ဆင် ထားတဲ့အတွက်၊ ဒီကောင်လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါ သေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ ပစ္စည်း ကတော့ diode လေးပါ။



(၆) PMU 
Power Management Unit ဖြစ်ပါတယ်၊ ပတ်လမ်းမှာ ပါဝင်တဲ့၊ အိုင်စီတွေရဲ့ ဗို့ အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့ အိုင်စီပါ။ ဖုန်းတစ်လုံးရဲ့ အသက်လို့ လဲပြောနိင်ပါတယ် ဒီအိုင်စီထဲမှာ အဓိက အပိုင်း(၅) ပိုင်းလောက် ပါဝင်ပါတယ်။ battery ကနေ၀င်လာတဲ့ ဗို့ အားကို လက္ခံပေးတဲ့ input section စတုဂံ လှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator ပိုင်း၊ ပါဝါ အဖွင့်အပိတ်ကို လက္ခပေးတဲ့ data in,out ပိုင်း၊ charging နဲ့ vibrator အပိုင်း၊ ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို့ ဖြစ်ပါတယ် ပုံမှာ ပြထားတာကတော့ power section တစ်ခုမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေ စုပေါင်းဖွဲ့ စည်းထားတဲ့ပုံလေး ပါ။



(၇) CRTSTAL 
ဒီကောင်လေးကတော့၊ pmu အတွက် လိုအပ်တဲ့ oscillator ပိုင်းကို ထိန်းချုပ်ပေးပါတယ်။ ပုံမှန်ပတ် လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကို အသုံးပြုပေမယ့်၊ ဒီအပိုင်းမှာတော့ တည်ငြိမ်တဲ့ ဗို့ အားကိုလို အပ်တဲ့အတွက်၊ crystal ကို အသုံးပြုတာဖြစ်ပါတယ်။

Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။ ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေး တစ်ခုပါ။



အရင်ကတော့ ဒီကောင်လေးတွေ အပျက်နဲပါတယ်၊ hyawei g610 မှာတော့ တော်တော်လေး အဖြစ်များ ပါတယ်။ သူရဲ့ error က ပါဝါဖွင့်ရင် တစ်ခါတစ်လေ အလွယ်တကူပွင့်ပြီး၊ တစ်ခါတစ်လေ တော်တော် နဲ့  ဖွင့်မရတတ်ပါဘူး၊ အဖုံးဖွင့်ပြီး အပူလေးပေးလိုက်မှ ရသွားတာမျိုးလဲ ရှိပါတယ်။ တစ်ချို့ ဖုန်းတွေမှာ သုံးနေရင်း ရုတ်တရက် ပါဝါပိတ်သွားပြီး၊ ပြန်ဖွင့်လို့ မရတာ လဲရှိပါတယ်။ အကြောင်းကတော့ဒီ crystal လေး အရည်အသွေးညံ့လို့ ပါ။ အဲဒီလိုပါဝါကြောင်တဲ့ ဖုန်းတွေဆို crystal လဲ ကြည့်သင့်ပါတယ်။ ဒါ ကတော့ power section ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ ဖြစ်တတ်တဲ့ error လေးတွေပါ ဒီပုံလေး ကတော့ power ပိုင်းရဲ့ ဆားကက် ပုံလေးပါ။


Battery ကတဆင့် ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pin ကနေတဆင့် pwm modulator ထဲကို ၀င်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာ ပါ လှိုင်းထုပ်တဲ့ အပိုင်းပါ။ အဲဒီလိုပဲ အပေါင်းဗို့ ဟာ fet ရဲ့  drain ကိုလဲ တိုက်ရျက်နေပါ တယ် power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီး အိုင်စီကို စတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်း အလုပ်လုပ်ပြီး output ပိုင်းမှာရှိတဲ့ coil အုပ်စုကနေတစ်ဆင့် အိုင်စီများအတွက် လိုအပ်တဲ့ ဗို့ အားများကို ထုတ်လွတ်ပေးပါတယ်။



power ic တွေမှာ အဖြစ်များတဲ့ ပြစ်ချက်ကတော့ no power,charging error, ပိုင်းတွေပါ ရေ၀င်တဲ့ ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာ များပါတယ်။ battery တတ်လိုက်ရင် vibrator ဆက်တိုက် တုန်ခါနေတာ မျိုးလဲဖြစ်တတ်ပါတယ်။ pmu ရှော့ဖြစ်ရင်တော့ အသစ်လဲလယ်ပေး မှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့ ၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာ အသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။

ပါဝါပိုင်းရှော့စစ်တဲ့ နည်းလေးတွေ
စစ်ပုံ အိုင်စီလဲပုံကိုတော့ နောက်ပိုင်းအချိန်ရရင် တင်ပေးသွားပါ့မယ်။

HUAWEI BACKLIGHT ပြုပြင်နည်း

HUAWEI BACKLIGHT ပြုပြင်နည်း

HUAWEI PHONE  တွေမှာ POWER နိုးပြီး ရုပ်မထွက်တာတွေဆိုရင်တော့ BAC်င်KLIGHT
မီးပျက်တာများပျက်တာများပါတယ် များသောအားဖြင့်ရေ၀င် PHONE တွေပါ။
LCD တစ်ချက်လဲတယ်မရဘူးဆိုရင်တော့ BACKLIGHT ဗို.ကိုအရင်စစ်ကြည့်ပါ။

များသောအားဖြင့် ကွိုင်ထုပ်လေးရဲ့အထွက်ကို DC စစ်အောင် DIODE နှင့် CONDENSER တစ်လုံးခံပီ
VOLT ထုပ်ထားပါတယ်အပျက်များတာလဲအဲဒီနှစ်မျိုးပါဘဲ အရင်ဆုံးတိုင်းကြည့်ပါ
ပြီးလျှင် CONDENSERကိုတိုင်းကြည့်ပါ DIODE ပျက်နေလျှင်CONDENSER ရှော့ကျနေလျင် VOL
T ထွက်မည်မဟုတ်ပါ
ိDIODE အထွက်က LCD PIN NO 3 + VOLT ၀င်ပါတယ် PIN NO 5 မှာ - VOLT ၀င်ပါတယ်
BACKLIGHT ရဲ့အလုပ်လုပ်ပုံကတော့
ဆော့ကဒ် PIN NO များမှာအောက်ပါပုံနေရာများဖြစ်ပါသည်။

No need messager.apk

No need messager.apk

Androidဖုန်းနဲ့ facebook version အမြင့်​ သုံးသူ​တွေ ခု​နောက်​ပိုင်းမှာ messager မရှိရင်​ chat လို့မရ​တော့တဲ့ပြသနာကို ဒီ​ apk ​လေးက​ဖြေရှင်း​ပေးမှာပါ။အရင်​ဆုံး apkကို ​ဒေါင်းပါ၊messager ရှိ၇င်​ messager ကိုအရင်​ uninstall လုပ်​ပါ၊ပြီးမှ ယခုapk ကို install လုပ်​ပါ၊ ပြီးရင်​ done ကိုနှိပ်​ပြီး ok ပါပြီ facebook မှာ messager မရှိဘဲ chat လို့ရပါပြီ။အားလုံးအဆင်​​ပြေပါ​စေ။
                                         DOWNLOAD. here

Track View.apk

Track View.apk

phoneတလုံးနဲံ့တလုံး
ထိန်းချုပ်လို့ရတဲ့ကောင်လေးပါ
အသုံးပြုပုကတော့ဖုန်းနှစ်လုံးလုံး
Internet line ရှိရပါ့မယ်
နှစ်လုံးလုံးGmailတခုတည်း
sign inဝင်ထားပါ
ပြီးရင် ကိုယ်ကြည့်ချင်တဲ့phကနေ
အဲ့မှာပါတဲ့Cameraနဲ့ကြည့်လိုက်ပါ
တဖက်ကလူဘာလုပ်နေလဲ
ဘယ်သွားနေလဲ အကုန်မြင်ရမှာပါ
စမ်းကြည့်မယ်​ဆို​ ​အောက်​မှာ​ဒေါင်းပါ။


မြန်မာ Font နဲ့ ကီးဘုတ် ပါဝင်ပြီးသား HTC M8 Clone Firmware

 

မြန်မာ Font နဲ့ ကီးဘုတ် ပါဝင်ပြီးသား HTC M8 Clone Firmware


လူသုံးများလာပြီး ဈေးနှုန်းချိုသာမှုရှိပြီး လုပ်ဆောင်မှုလည်းကောင်းမွန်တဲ့ Android 4.4.2
သုံးထားတဲ့ HTC M8 ပုံစံ Cloneဖုန်းလေးဖြစ်ပါတယ်။ MTK 6572 Chip ကိုအသုံးပြုထားပြီး သွက်သွက်လက်လက်အသုံးပြုနိုင်တာကြောင့်လူကြိုက်များလှပါတယ်။ သူ၇ဲ့ ပြသနာ က မြန်မာ Font သွင်းတဲ့ Apk တွေနဲ့ Font ချိန်းလိုက်တာနဲ့  Firmware ပါလစ်သွားတတ်ပါတယ်။
ကျွန်တော်လည်း မြန်မာ Font မြင်ရအောင် မျိုးစုံကလိပြီးသကာလ အဆင်ပြေသွားတာနဲ့  Firmware လေး BackUp ထုတ်ထားလိုက်ပါ တယ်။ ခုအားလုံးသုံးလို့ ရအောင် MPT ကိုအံတုပြီး Upload လုပ်ပေး
လိုက်တာပါ။ အတွေ့ ကြုံနုသေးတဲ့ services ဆရာတွေ Font ထည့်မှား လို့  Firmware ပျက်သွားခဲ့ရင်အဆင်ပြေအောင်လို့ ပါ။ မြန်မာ Font နဲ့ ကီးဘုတ် ပါဝင်ပြီးသား HTC M8 Clone Firmware
လေးကိုအောက်ကလင့်မှာ Download ရယူနိုင်ပါပြီ. Flash ရမဲ့ Spflashtool ကိုပါတစ်ခါတည်းထည့်သွင်းပေးပါတယ်။




HTC M8 Clone Firmware : 242.68 Mb


ဒီမှာဒေါင်းပါ Mp Firmware


ဒီမှာဒေါင်းပါ MediaFire

AOSON M1013 4.2.2 Firmware နှင့် Firmware တင်နည်းး

AOSON M1013 4.2 Firmware နှင့် Firmware တင်နည်းး

 Notice: Before you update your M1013,
(1) Please backup your data, such as photo, movie and so on!
(2) Please finish reading this tutorial! And update it step by step!
(3) It carrys risks while updating to Android 4.2.2.

1. Download L-234888-AOSON M1013 4.2.rar to desktop, extract it and open the folder.
    Another link to download L-234888-AOSON M1013 4.2.rarhttp://www.mediafire.com/download/xorndf9ux96ynrk/L-234888-AOSON_M1013_4.2.rar

2. Open “Pad Product Tool_V1.02” folder, find the “setup” and install it.

 

3. Find the program “Pad 量产工具(开发版)” from start menu, as shown in the figure! And open it!


4. And you will come to this window. Click on the Red ZONE, as shown in the figure!


5. Find “101001.fw” from the folder “AOSON M1013 4.2\AOSON M1013 ROM”, click “open”(the red zone in the lower right corner of the figure).


6. Click red zone in the figure.


7. Please tick as shown in the figure!


8. Click red zone on the right “选择镜像”, open the appropriate file from the folder “AOSON M1013 4.2\AOSON M1013 ROM”, as shown in the figure!


9. Long press the start button, make your M1013 keep off.

10. And then, hold down the “power button” and the “volume +” at the same time, do not loosen them. Connect to computer with the USB cable and loosen the “power button” and the “volume +”.

11. Connecting the computer for the first time, it will ask you to install the driver (the driver install program will pop up automatically)! And you have to install it, the driver installation path is: C:\Program Files\平板电脑量产工具(开发版) 1.02\Driver. (If lack of some folder, please create by yourself )

12. Finishing the driver installation, and then you can see”1个USB设备被检测到”, it shows your tablet connects to computer successfully. And the last step, click the button as shown in the figure;
  

13. To avoid failing to update, do not touch the tablet, USB cable and computer when updating. If update successfully, display blue; if failed, display red.


14. After update successfully, unplug the USB cable, turn on your tablet and enjoy the smooth Android 4.2.2! GOOD LUCK TO YOU!

                               Post by: dau lum                           အားလုံးအဆင်ပြေနိုင်ကြပါစေ ။ ။ 

                                                                                               

26.3.15

Xiaomi Redmi 1s (HM1SW) v4.3 root and myanmar font သွင်းနည်း



Recovery သွင်းပြီး root တဲ့နည်းပါ အားလုံးအဆင်ပြေပါတယ်.. လိုအပ်တဲ့ file တွေကိုအရင် ဒေါင်းပါ..
ဒီမှာဒေါင်းပါRecovery
ဒီမှာဒေါင်းပါSuperSu



အားလုံးဒေါင်းပြီးသွားရင် .... ဒေါင်းထားတဲ့ root.rar file ကို ဖြေချပါ ပြီးရင် recovery ကို flash လိုက် .. recovery ကနေပြီး supersu.zip ကို install လုပ်လိုက်ရင် root ရပါပြီ.. မြန်မာစာ အတွက် mm aio font changer ကို သုံးလိုက်ရင် ရပြီ။

root.rar ဖိုင်ကို ဖြေပါ ပြီးရင် အဲဒီ folder ထဲမှာ shift+right click > ပြီးရင် open command window here ကိုနှိပ်ရင် CMD ပေါ်လာမယ် အဲဒီမှာ
adb devices
ကိုရိုက် ဖုန်းကိုသိဖို့  usb debugging on ထားပါ။
ဖုန်းကိုသိပြီဆိုရင် ..
adb reboot bootloader
ခဏစောင့်ပါ fastboot ထဲကိုရောက်ပြီဆိုရင်
fastboot devices
ကိုရိုက် ဖုန်းကိုသိမှ အောက်က command ကို ဆက်ရိုက်ပါ
fastboot flash recovery recovery.img
ok ဆိုရင်
fastboot reboot
ဒါဆိုရင် reboot ကျပြီ ဖုန်းပြန်ပွင့်လာမယ်..

SD card ထဲကို Supersu.zip ကို ထည့်ပြီး recovery mode ကနေ install လုပ်လိုက်ရင် root ရပါပြီ. မြန်မာစာအတွက်ကတော့ ပေါ်မှာပြောထားပြီးပါပြီ..
ကျေးဇူးတင်ပါတယ်..
                            အားလုံးပဲအဆင်ပြေနိုင်ကြပါစေ။  ။