8.4.15

Mi3 Root


MIUI Website မှ Developer ROM ကို Download ချပါ။ WCDMA/CDMA China ကို ROM ကို ရွေးပေးဖို့လိုသည်။
ရလာသော zip file ကို ဖုန်း ၏ SD card ထဲကို ထည့်ပါ။
Updater App ကို ဖွင့်ပါ။
Menu Button ကို နှိပ်ပါ။
Select update package ကို ရွေးပါ။
image1
SD Card ထဲရှိ download ချထားသော zip file ကို ရွေးပေးပါ။
image2
Update ကို နှိပ်လိုက်ပါ။
image3
image4
image5
Update ပြီးလျှင် Reboot to finish ကို နှိပ်ပါ။
image6
Security App ကို သွားပါ။ Permissions ကို နှိပ်ပါ။
image8
Root permission ကို တွေ့ရပါမည်။
image7

UnRoot

MIUI Website မှ Stable ROM ကို Download ချပါ။ WCDMA/CDMA China ကို ROM ကို ရွေးပေးဖို့လိုသည်။
Root အတိုင်း SD card ထဲ သို့ ရ လာသော zip file ထည့်ပြီး update ပြန်လုပ်ပေးလိုက်ပါ။
                            အားလုံးအဆင်ပြေပါစေ။  ။

ကြိုတင်မှာယူမှု ၁၅သန်းပြည့်သွားတဲ့ Xiaomi Redmi Note


၎င်းတို့ရဲ့ ထူးခြားတဲ့ဈေးကွက်ဗျူဟာနဲ့ မတ်လမှာ ၃၄ မိနစ်အတွင်း Redmi Note လုံးရေတစ်သိန်းရောင်းချခဲ့ ရပါတယ်။ ယခုအခါတော့ ကြိုတင်မှာယူသူဦးရေဟာ ၁၅သန်းထိရှိသွားပြီဖြစ်ကြောင်း ဒေါ်လာ ၁၆၁တန် Phablet ထုတ်လုပ်သူ Xiaomi ကုမ္ပဏီမှထုတ်ဖော်ပြောကြားခဲ့တယ်။ ဒီအရေအတွက်ဟာ Apple ရဲ့နာမည်ကျော် iPhone 5 နဲ့ 5C ဖုန်းများရဲ့ပထမဆုံးအားလပ်ရက်အရောင်းစံချိန် ကိုးသန်းကိုကျော်လွန်သလို ဆမ်ဆောင်း Galaxy S5 ရဲ့ စံချိန်ထက်လဲများပါတယ်။ ဒါပေမယ့်လဲ Xiaomi မှာကြိုတင်မှာယူသူတွေတိုင်းဟာ ပိုက်ဆံပေးချေပြီးဝယ်ယူတာ မဟုတ်သေးဘဲ အီးမေးလ်မှတဆင့် အချက်အလက်များကို ပိုမိုသိရှိရန် sign up လုပ်သူတွေကိုပါ ထည့်ရေတွက် ပါတယ်။

Redmi ဖုန်းဟာ 5.5 လက်မ 720x 1280 display ပါဝင်ပြီး ဒေါ်လာ ၁၆၁ ( တရုတ်ယွမ်ငွေ ၉၉၉ ) ကျသင့်ပါတယ်။ အတွင်းမှာ 1.7GHz octa-core ချစ်ပ်ဆက်ကိုအသုံးပြုထားပြီး 16GB သိုလှောင်နိုင်စွမ်းရှိကာ android 4.2.2 ထည့်သွင်းထားတယ်။ 2GB RAM မန်မိုရီ၊ 13MP ကင်မရာနဲ့ 3200mAh ဘက္ထရီအစရှိတာတွေ ပါဝင်တပ်ဆင်ထားတာကြောင့် သူ့ဈေးနှုန်းနဲ့ယှဉ်ကြည့်ရင် အလွန်ကိုထိုက်တန်တယ်လို့ယူဆရတယ်။

ဒါ့အပြင် လူဦးရေ ၁၅သန်းမျှ စာရင်းပေးခဲ့တာကိုကြည့်ရင် တရုတ်မိုဘိုင်းဈေးကွက်ရဲ့ ကြီးမားမှုနဲ့ Xiaomi ကုမ္ပဏီရဲ့ ပါးနပ်တဲ့ဈေးကွက်ဗျူဟာတို့အရေးပါပုံဟာ သိသာလာပါတယ်။ တရုတ်ကုမ္ပဏီဟာ သူ့ရဲ့ပြည်တွင်း ဈေးကွက်အပြင် ပြည်ပကိုပါတိုးချဲ့ဖို့ ပြင်ဆင်နေသူဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာအောင်မြင်တဲ့ Xiaomi Mi3 စမတ်ဖုန်းကို အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ အင်ဒို၊ မလေးရှား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီနဲ့ ဗီယက်နမ်ဈေးကွက်များသို့ တင်ပို့ဖို့စီစဉ်ထားပါတယ်။

Install Zawgyi Font And Keyboard


Font သွင်းရန် ၂ နည်း ရှိသည်။ Mi 3, Mi 4 တို့တွင် developer rom ဖြစ်ပါက theme ပြောင်းရုံဖြင့် ရသည်။ Mi Policy အသစ် အရ ၎င်းတို့၏ designer server ပေါ်တင်မထားသော Thrid Party Theme , Components များကို သွင်း ခွင့် မပေးတော့ပါဘူး။ ဒါကြောင့် Redmi 1s , Redmi Note တို့တွင် Root လုပ်ရသည်။

For Developer ROM

Developer ROM ကို အသုံးပြုထားလျှင် Font File ကို သွင်းနိုင်ပါသည်။ RoboZawgyi.mtz ကို download ချပါ။
Phone ကို Computer နဲ့ ချိတ်ပြီးတော့ SD card သို့မဟုတ် Phone ထဲကို ထည့်ပါ။
Theme app ကို ဖွင့်ပါ။ Local Tab ကို သွားပါ။ Menu button ကို နှိပ်ပြီး Import from SD card ကို ရွေးပါ။
Download ချထားသော robozawgyi.mtz ကို ရွေးပေးပါ။
ပြီးလျှင် Category tab ကို သွားပါ။ Components > Font > Local အောက်က robozawgyi ကို ရွေးပါ။ Apply လုပ်ပါ။
Font

With iFont

iFont ကို အသုံးပြုပြီးတော့လည်း မြန်မာ font သွင်းနိုင်ပါသည်။ မြန်မာစာ တစ်ခု တည်းမြင်ရဖို့ အတွက် root မလုပ်ချင်ရင် iFont ဖြင့် ဦးစွာ စမ်းသပ်နိုင်ပါသည်။
Player Store မှ iFont ကို ပထမ download ချပါ။
ပြီးလျှင် zawgyi20084.3.apk ကို ဦးစွာ download ချပြီး သွင်းပါ။
iFont ကို ဖွင့်ပါ။ MY tab ကို သွားပါ။
iFont
Zawgyi2008 ကို တွေ့ပါမည်။ နှိပ်လိုက်ပါ။
iFont
ပြီးလျှင် Set လုပ်ပါ။
iFont
ပြီးလျှင် OK နှိပ်လိုက်ပါ။ Theme app တက်လာပါမည်။ မတက်လာပါက Theme ကို ဖွင့်ပါ။
ပြီးလျှင် Category tab ကို သွားပါ။ Components > Font > Local အောက်က Zawgyi2008(iFont) ကို ရွေးပါ။ Apply လုပ်ပါ။
အကယ်၍ iFont နည်းဖြင့် မြန်မာစာ မမြင်ရလျှင် Font ကို Default ပြန်ထားပြီး root လုပ်ရန် လိုအပ်ပါသည်။

For Root

မြန်မာ keyboard နှင့် font သွင်းရင် Play Store မှ MM Aio Font Changer ကို Download ချပါ။
Aio Font changer ကို ဖွင့်ပါ။ Xiaomi ဖုန်းရဲ့ Andorid verison ပေါ်မူတည်ပြီး Tab ပေါ်က Android Version ကို ရွေးပေးပါ။ ယခု အချိန်တွင် Redmi , Redmi Note တို့သည် Android 4.2 ဖြစ်သည်။ Mi 3 , Mi 4 တို့ သည် android 4.4 ဖြစ်သည်။
AIO
Android 4.0 မှ 4.2 အတွက် Smart ဇော်ဂျီ ကို ရွေးပါ။ XML Method ကို နှိပ်ပါ။ Root permission မေးလျှင် Allow လုပ်လိုက်ပါ။ ပြီးလျှင် ဇော်ဂျီ မြင်ရပါမည်။
Frozen Zawgyi Keyboard ကို အသုံးပြုနိုင်ပါသည်။
Keyboard သွင်းပြီးပါက Settings -> General settings -> Language & Input -> Keyboard & Input Methods တွင် Default ကို Frozen Zawgyi Keyboard Pro ကို ရွေးပြီး အသုံးပြုနိုင်ပါသည်။

7.4.15

iOS 8.0 နဲ. 8.0.2 Firmware များ စုစည်းမှု


http://si.wsj.net/public/resources/images/BN-ES583_iOS_80_G_20140925201127.jpg 
iOS ရဲ့ နောက်ဆုံးထွက်ကုန်ဖြစ်သော iOS 8.0. နဲ. 8.0.2 အား တင်ပေးလိုက်ပါတယ် iPhone 4s မှ စပြီး iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6plus များအတွက် အပြင် iPOD နဲ. iPad များ အတွက်ပါ Firmware များ တင်ပေးထားပါတယ်။
Update: Here are all the direct download links.
iOS 8.0:
iOS 8.0.2:

iOS 8.1 Firnware များ စုစည်းမှု


iOS Firmware တွေကလည်း အသစ်တွေပဲ ထွက်နိုင်လွန်းပါတယ်၊ တပတ်ကို တခါ Update တွေများ ထွက်နေတာလား မသိပါဘူး။ 8.0.2 ပေါ်တာမှ မကြာသေးဘူး အခုလည်း 8.1 ထပ်ထွက်လာပြန်ပါပြီ။ ဒေါင်းလိုက်ကြပါဦးဗျာ။
iPad:
iPhone:
iPod touch:

iPhone/ Pad/ Pod touch တွေ အတွက် အသစ်ထွက် iOS 8.1 Firmware Download Link များ



iOS 8 တင်ထားတဲ့ iPhone/Pad/Pod touch အသုံးပြုသူတွေအတွက် iOS 8.1 update ပေးနေပါပြီ။ ယခု update မှာတော့ iPhone 6,6 plus တွေအတွက် NFC စနစ်နဲ့ငွေပေးချေမှုများပြုလုပ်နိုင်တဲ့ Apple Pay feature ပါဝင်လာခြင်း၊
iPad နဲ့ Mac တွေအတွက် SMS Messaging အထောက်အပံ့ပေးလာခြင်း စတဲ့ feature တွေအပြင် အရင် version တုန်းက bug တွေကိုလည်း ပြင်ဆင်ပေးထားပါတယ်။ မိမိတို့ iPhone/Pad/pod touch တွေရဲ့ Setting>General> Software Update ထဲကနေ iOS 8.1 ကိုဝင်ရောက် Update ပြုလုပ်နိုင်ပါပြီ။


Firmware ဖိုင်များကို Download ရယူလိုတယ်ဆိုရင်တော့ အောက်က link များမှာရယူနိုင်ပါပြီ။
iOS 8.1 Download Links:
                              အားလုံးပဲအဆင်ပြေကြပါစေ။

Smart Zawgyi 3 မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်


http://laovoboy.blogspot.com/
မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့် Smart Zawgyi 3 ထွက်ရှိလာပါတယ်။ Android version 1.6 မှ Android 4.4 ဖုန်းများအားလုံးကို ဒီ Tool နဲ့မြန်မာစာသွင်းနိုင်မှာပါ။ ကွန်ပျူတာ Tool တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းထွက် Sony တွေမှာ ဥပမာ Xperia C, Xperia L Build Number အမြင့်တွေဆို Font သွင်းတဲ့ပုံစံပြောင်းသွားပါတယ်… အရင်ပုံစံတွေနဲ့အဆင်မပြေတော့ပါဘူး… နောက် Huawei G610-U00,Y320-U00 ဆို ၀လုံးတွေထပ်နေတယ်… Y511-U00 ဆိုမြန်မာစာကိုမပေါ်ဘူး… အဲ့ကောင်တွေမှာမြန်မာစာအဆင်ပြေအောင်… နောက် Smart Zawgyi သွင်းပြီးအဆင်မပြေလို့ပြန်ဖြုတ်ချင်ရင်လဲပြန်ဖြုတ်လို့ရအောင်ဒီ Version မှာပြင်ပေးထားပါတယ်… နောက် Bootloop မပတ်အောင်လဲ ကွန်ပျူတာပေါ်ကနေ မ Run ခိုင်းပဲ ဖုန်းပေါ်ကနေ Run ခိုင်းထားတယ်… Font ပုံစံကိုလဲမသေးအောင် ကြည့်ရှု့လို့ကောင်းအောင်ပြင်ပေးထားပါတယ်။
Smart Zawgyi 3 ကိုအောက်က link များမှာရယူနိုင်ပါတယ်။
ယခု Tool မှာ ကွန်ပျူတာ Tool ဖြစ်ပြီး  Smart Zawgyi 3 ကို ဖုန်း application ဖြင့် font ပြောင်းလဲလိုပါက MMAS Zawgyi Changer 2 v1.0.5 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
အဆင်ပြေပါစေ။  ။

ဖုန်းထဲမှာတင် Root လုပ်နိုင်တဲ့ Baidu Root v2.2 for Android




Android ဖုန်း/Tablet တွေကို One Click နဲ့ Root လုပ်လို့ရတဲ့ ကွန်ပျူတာ Tool တွေထဲမှာဆိုရင် V Root ကအစွမ်းဆုံးပါပဲ။ အခုတော့ V Root လိုပဲ ဖုန်းပေါင်းစုံကို root လုပ်နိုင်တဲ့ Root Tool လေးဖြစ်တဲ့ Baidu Root လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Baidu Root ဆော့ဝဲလေးကတော့ ကွန်ပျူတာဆော့ဝဲမဟုတ်ဘဲ Android ဖုန်းဆော့ဝဲလေးတစ်ခုသာဖြစ်တာကြောင့် ဖုန်းထဲမှာ install လုပ်ပြီး ဖုန်းကိုအလွယ်တကူ root လုပ်နိုင်မှာဖြစ်ပါတယ်။ Baidu Root ဆော့ဝဲလေးက ဖုန်းကို root လုပ်နိုင်ရုံတင်မဟုတ်ပါဘူး ။ ဒီ root apk လေးကိုယ်တိုင်က superuser ဆော့ဝဲတစ်ခုအနေနဲ့ပါစွမ်းဆောင်ပေးပါသေးတယ်။ ဒါ့အပြင် ဖုန်းမှာပါတဲ့ System application တွေကို ဖျက်ချင်ရင်ပဲဖြစ်ဖြစ် ၊ ဖုန်းရဲ့ speed ကိုမြန်ဆန်ဖို့ပဲဖြစ်ဖြစ် ၊ ဖုန်းထဲကို မလိုလားအပ်တဲ့ extenal access တွေအလွယ်တကူချိတ်ဆက်မလာနိုင်အောင်ကာကွယ်ဖို့ပဲဖြစ်ဖြစ် ဒီ Baidu Root for Android ဆော့ဝဲလေးက စွမ်းဆောင်ပေးနိုင်ပါသေးတယ်။ တော်တော်လေးကိုလန်းတဲ့ Root application လေးပါပဲ။ ဖုန်းထဲမှာတင် Root လုပ်နိုင်တဲ့ စွယ်စုံသုံး Baidu Root v2.2 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။

Baidu Root v2.2 for Android အားရယူရန်
                         
                                                           အဆင်ပြေနိုင်ကြပါစေ။    ။

CoolPad 5109 ( မြန်မာစာ + Frozen Keyboard ) Firmware


 http://laovoboy.blogspot.com/

Coolpad 5109 အတွက် မြန်မာစာနှင့် မြန်မာကီးဘုတ်ပါဝင်ပြီးသား Firmware လေးလုပ်ပေးထားပါတယ်။

Firmware ရေးဖို့အတွက် Tool တွေနဲ့ Driver ဖိုင်တွေပါတင်ပေးထားပါတယ်။

Download ဆွဲလို့ရလာတဲ့ဖိုင်တွေအကုန်လုံးကိုဖြည်ပါ။QDL_Phone.exe ကိုဖွင့်ပြီး Tool မှ File Patch တွင် 2.3.003.P1.140318.5109 ဖိုဒါထဲမှာ arm11 ဖိုဒါကိုရွေးထားပါ။

စက်ကို Vol- နှင့် Power ဖိပြီး fastboot ၀င်ပါ။Fastboot အနေထားမှာ ကွန်ပျူတာနှင့်ချိတ်ပါ။

Tool မှ ARM 11DL ကိုနှိပ်ပီး Firmware ရေးနိုင်ပါပြီ။လိုအပ်တဲ့ သူများ Download ယူနိုင်ပါပြီ။

firmware အားရယူရန်

                                            အားလုံးအဆင်ပြေပါစေ။   ။

Xiaomi ဖုန်းများအား MIUI ROM တင်ခြင်း




လက်ရှိ ပြည်တွင်း ဈေးကွက်ထဲမှာ လူသုံးများလာခဲ့တဲ့ Xiaomi ဖုန်းတွေအတွက် MIUI ROM ကို ကိုယ်တိုင် တင်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် ကိုယ်အသုံးပြုနေတဲ့ Device နဲ့ သက်ဆိုင်တဲ့ ROM ကိုတော့ Download ပြုလုပ်ရပါလိမ့်မယ်။

ROM ဖိုင်ကို Download ပြုလုပ်ဖို့အတွက် google ပေါ်မှာ Xiaomi MIUI ROM free download ဆိုပြီး ရှာဖွေလိုက်မယ်ဆိုရင် MIUI Downloads - Xiaomi MIUI Official Forum ဆိုတဲ့လင့်ကို တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း en.miui.com/download.html ဆိုတဲ့လင့်မှာ MIUI ROM တွေကိုရှာဖွေပြီး Download ပြုလုပ်နိုင်ပါတယ်။





ROM ကို Download ပြုလုပ်ရရှိပြီ ဆိုရင်တော့ ရရှိလာတဲ့ MIUI ROM ကို ဖုန်းရဲ့ SD Card အတွင်းသို့ ထည့်လိုက်ပါ။ SD Card ထဲကို ROM ဖိုင်ရရှိပြီ ဆိုရင်တော့ ကိုယ့်ရဲ့ Xiaomi ဖုန်းမှာရှိနေတဲ့ Updater ဆိုတဲ့စနစ်ကို ဖွင့်လိုက်ပါ။ Updater ထဲမှာ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။





မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ Updater စနစ်ထဲကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Menu ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။





မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Select Update Package ဆိုတဲ့ နေရာကို နှိပ်လိုက်ပါ။ ဒီနေရာမှာတော့ ဖုန်းမော်ဒယ် ပေါ်မှာမူတည်ပြီး မြင်တွေ့ရမယ့် စာသားဟာ အချို့ဖုန်းတွေမှာဆိုရင် Installation zip file လို့လည်း တစ်ခါတစ်ရံမှာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကိုယ်အသုံးပြုတဲ့ Xiaomi ဖုန်းအမျိုး အစားနဲ့ မော်ဒယ်ပေါ် မှာ မူတည်ပြီး မြင်တွေ့ရတဲ့ မြင်ကွင်း ကွာခြားမှု ရှိနိုင်ပါတယ်။ Select Update Package ကို ရွေးချယ်ပြီး နှိပ်ပေးလိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။



ဒီနေရာမှာ SD Card ထဲမှာ ထည့်သွင်းထားတဲ့ MIUI ROM ဖိုင်ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးရင်တော့ Update ကိုနှိပ်ပါ။



ဖုန်းက သူ့အလိုအလျောက် ROM ဖိုင်ကို ထည့်သွင်းပေး နေပါလိမ့်မယ်။ အားလုံးပြီးသွားတဲ့ အချိန်မှာ Reboot to finish ကိုနှိပ် လိုက်ရုံပါပဲ။



ဖုန်းကပါဝါ ကျသွားပြီး ပြန်တက်လာရင် ရပါပြီ။ 
 
 
                 အားလုံးပဲအဆင်ပြေနိုင်ကြပါစေ။   ။

Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို MIUI ROM တင်နည်း

Flash-or-Update-MIUI-ROM-on-Xiaomi-



Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို Official MIUI ROM တင်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီပို့စ်မှာတော့ Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို MIUI ROM တင်နည်းကို နည်းလမ်း (၂) မျိုးဖြင့် ရှင်းလင်းပြထားပါတယ်။ အဆင်ပြေတဲ့နည်းနဲ့ ROM Flash နိုင်ပါတယ်။
 
Updater app ကိုအသုံးပြု၍ MIUI ROM တင်နည်း
ဒီနည်းလမ်းကတော့ Xiaomi ဖုန်း/Tablet တွေမှာ Built-in ပါတဲ့ app ဖြစ်တဲ့ Updater app ကနေတစ်ဆင့် ROM Flash ခြင်းနည်းလမ်းပါ။
Step 1. သင့်ရဲ့ Xiaomi ဖုန်း/Tablet နဲ့ကိုက်ညီမယ့် နောက်ဆုံးထွက် MIUI ROM ကို အောက်က link ကနေအရင်ရယူပါ။
Download Now
Step 2. Download လုပ်လို့ရလာတဲ့ ROM zip file ကို ဖုန်း/Tablet ရဲ့ Internal Storage/SD Card ထဲသို့ထည့်ထားပါ။
Step 3. Xiaomi ဖုန်း/Tablet ပေါ်က Updater app ကိုဖွင့်ပါ။ ပြီးရင် Menu Button ကိုနှိပ်ပါ။  Select installation ZIP file or Select Update package ကိုနှိပ်လိုက်ပါ။ ခုနက Internal Storage/SD Card ထဲမှာထည့်ထားခဲ့တဲ့ ROM file ကိုရွေးပေးလိုက်ပါ။ ပြီးရင် Update Now ကိုနှိပ်ပါ။ လုပ်ပုံအဆင့်ဆင့်ကိုတော့ အောက်မှာကြည့်ရှုပါ။

Flash MIUI ROM
ROM Update လုပ်လို့ပြီးသွားပြီဆိုရင်တော့ Reboot Now သို့မဟုတ် Reboot to New version ကိုနှိပ်လိုက်ရုံပါပဲ။
Reboot MIUI
ဒါဆိုရင် Xiaomi MIUI ROM latest/update version ကို သင့်ရဲ့ Xiaomi Device မှာအောင်မြင်စွာ Flash ပြီးသွားပါပြီ။

2. Flash MIUI ROM in Recovery

ဒုတိယနည်းအနေနဲ့ကတော့ Recovery Mode ထဲကနေ MIUI ROM တင်နည်းပါ။
Step 1. သင့်ရဲ့ Xiaomi ဖုန်း/Tablet နဲ့ကိုက်ညီမယ့် နောက်ဆုံးထွက် MIUI ROM ကို အောက်က link ကနေအရင်ရယူပါ။
Download Now
Step 2. Download လုပ်လို့ရလာတဲ့ ROM ဇစ် File ကို update လို့နာမည်ပြောင်းပါ။ (update.zip ဖိုင်ပေါ့) ။ ပြီးရင် သင့်ရဲ့ Xiaomi ဖုန်း/Tablet ရဲ့ Internal Storage/SD Card ထဲသို့ထည့်ပါ။ 
Step 3.  Xiaomi ဖုန်း/Tablet ပေါ်က Updater app ကိုဖွင့်ပါ။ ပြီးရင် Menu Button ကိုနှိပ်ပါ။ Reboot to recovery mode ကိုရွေးပါ ။ Reboot ကျပြီး Recovery Mode ထဲသို့ရောက်သွားပါမယ်။ ROM Brick ဖြစ်နေတဲ့အနေအထား ၊ ဖုန်းကိုပါဝါပိတ်ထားတဲ့အနေအထား ကနေ Recovery Mode ထဲကိုဝင်ချင်ရင်တော့ ဖုန်းကိုပါဝါအရင်ပိတ်ပါ။ ပြီးရင် Volume+ Key နဲ့ ပါဝါခလုတ်ကို တစ်ပြိုင်တည်းတွဲနှိပ်ပါ။ Screen လင်းမလာခင်အထိတွဲနှိပ်ထားပါ။


Step 4. Recovery Mode ထဲကိုရောက်သွားပြီဆိုရင်တော့   “English” ကိုရွေးပါ။  (အထက်အောက်ရွေးချယ်ရန် Volume Key များကိုအသုံးပြုပါ ။ ရွေးချယ်ရန် Power Button ကိုနှိပ်ပါ).
mi3 recovery mode1

“Install Update zip..” Option ကိုရွေးပါ။
Install Update Zip
Installation Process ပြီးသွားပြီဆိုရင်တော့ “Reboot to System one” ကိုနှိပ်ပြီး ပြန်ထွက်လို့ရပါပြီ။
ဒါဆိုရင် Xiaomi MIUI ROM latest/update version ကို သင့်ရဲ့ Xiaomi Device မှာအောင်မြင်စွာ Flash ပြီးသွားပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ။

Samsung Galaxy S4 (GT-I9505 ) ကို Android Version 4.3 တင်နည်း


Samsung Galaxy S4 (GT-I9505 ) ကို Android Version 4.3 တင်ခြင်တဲ့ ဘော်ဒါတွေကို ကြိုတင်အသိပေး ပါတယ် အခု version 4.3 ကLeaked firmware ဖြစ်တဲ့အတွက် တင်သင့်မတင်သင့်
မိမိဘာသာ ဆုံဖြတ်ပါ ကျွန်တောတင်သုံး နေတာဘာ error မှ မတက်သေပါဘူ



  Galaxy S4 (GT-I9505 )  4.3  Rom ကိုဒေါင်းရန်

Odin ဖိုင်းကိုဒေါင်းရန်

အာလုံးအဆင်သင့် ဖြစ်ရင် firmware တင်ဖို့ အတွက် Odin ဖိုင်းကိုဖွင့်ပါ ပြီရင်ဖုန်းကို
vol-down + home + power ကိုဖိပြီ downloand mode ၀င်ပါ ပြီရင် computer နဲချိတ်ဆက်ပေးလိုက်ပါ Odin ဖိုင်းက ဖုန်းကိုသိအောင်ခဏစောင့်ပေးလိုက်ပါ

ပြီရင်ပုံထဲကအတိုင် zip ဖြည့်ထားတဲ့ firmware ဖိုင်းကိုမှန်အောင်ရွေးပေးပါ
Add AP_I9505XXUEMI8_1715731_REV06_user_low_ship_MULTI_ CERT.tar.md5 to AP
- Add BL_I9505XXUEMI8_1715731_REV06_user_low_ship_MULTI_ CERT.tar to BL
- Add CP_I9505XXUEMI8_1715731_REV06_user_low_ship_MULTI_ CERT.tar.md5 to CP
- Add CSC_OXA_I9505OXAEMI8_1715731_REV06_user_low_ship_M ULTI_CERT.tar.md5 to CSC

ပြီးရင် Start နေရာမှာ နှိပ်ပြီ ခဏစောင့်နေပါ 

ပြီးရင်ဖုန်းက reboot ကျပြီ ပြန်တက်လာရင် Android Version 4.3 ကိုတင်လို့ အောင်မြင်ပါပြီ။


                                               အားလုံးအဆင်ပြေပါစေ။    ။

Lenovo S820 ကို Offical Rom ပြန်တင်နည်း


ထိုင်းဖုန်းဈေးကွက်ထဲက lenovo အမှတ်တံဆိပ်ထဲက ဈေးနှုန်းသက်သာတာရယ် ကင်မရာ ကောင်တာရယ်  ဖုန်း size အနေတော်အရွယ်စာမှာ ၇ှိတဲ့ Lenovo S820 ဖုန်းတွေ အသုံးများလာကြပါတယ် အဲဖုန်းတွေ ကိုင်ဆောင်တဲ့ ဘော်ဒါတွေ အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်ပြီ စိတ်ညစ်နေတဲ့ ဘော်ဒါတွေ စိတ်မညစ်ရအောင် လိုအပ်တဲ့ ဖိုင်းတွေ အောက်မှာဒေါင်ယူလိုက်ကြပါ



S820 Firmware ကိုဒေါင်းရန်

pass  -  bbs.lenovomobile.com

အခုပြထားတဲ့နေရာမှာ နှိပ်ပြီ ဒေါင်းလုပ်ဆွဲပါ

ပြီးရင် ရလာတဲ့ zip ဖိုင်းကို zip ဖြည့်လိုက်ပါ ဒီပုံအတိုင်တက်လာပါမယ်

ပြီးရင်အထဲက zip ဖိုင်းတွေထဲကtarget_binဆိုတဲ့ zip ကိုဖြည့်လိုက်ပါ
ပြီးရင်အောက်က SP FlashTools ကိုဒေါင်းလိုက်ပါ

FlashToolsကိုဒေါင်းရန်

ပြီးရင်တခြားmobile  ဖုန်းကိုတင်သလိုပဲ တင်လို့ရပါပြီ။  ။


                                              အားလုံးအဆင်ပြေပါစေ။    ။

Samsung Galaxy Tab 2 7.0 (GT-P3100) offical 4.2.2 တင်နည်း


Galaxy Tab 2 7.0 (GT-P3100) android  4.2.2 Jelly Bean update တင်ခြင်သူများအတွက် တင်ပေးလိုက်တာပါ  4.2.2 တင်မဲ့သူများ လို အပ်တဲ့ ဖိုင်းတွေ အောက်မှာဒေါင်းယူလိုက်ပါ




Galaxy Tab 2 7.0 (GT-P3100) firmware ကိုဒေါင်းရန်

Odin ဖိုင်းကိုဒေါင်းရန်

လိုအပ်တဲ့ဖိုင်းတွေ ဒေါင်းပြီရင် Odin ဖိုင်းကို zip ဖြည့်လိုက်ပါ
ပြီရင် Odin ဖိုင်းကို ဖွင့်ပေးပြီ tablet ကို Download Mode ဖြစ်အောင်
vol-down + home + power ကိုဖိပြီ warning စာတန်းတက်လာရင် vol-up ကိုဖိပေးလိုက်ရင်
downloanding စာတန်တက်လာပါမယ် ဒါဆို tablet ကိုကွန်ပျူတာနဲချိတ်ဆက်ပေးလိုက်ပါ
ပြီရင် Odin က table ကိုသိပြီဆိုရင် PDA နေရာမှာ ဒေါင်းထားတဲ့ firmware ဖိုင်းကိုရွေးပေးလိုက်ပါ
ပြီရင်Start နေရာမှာနှိပ်ပြီ ခဏစောင့်ပေးလိုက်ပါ PASS စာတန်တက်လာတဲ့အထိပါ
PASS စာတန်တက်လာရင် USB ကြိုဖြုတ်ပြီ tablet ကို reboot ချပေးလိုက်ပါ reboot ချပြီ ပြန်တက်လာရင်  Galaxy Tab 2 7.0 (GT-P3100) ကို 4.2.2 တင်လို အောင်မြင်ပါပြီ

 
 
အားလုံးအဆင်ပြေပါစေ။      ။

UNI Android Tools

                                
ဒီတစ်ခါ service သမားတွေ ဆိုင်သမားတွေ အတွက် အသုံးဝင်မဲ့ tools တစ်ခုလေးတွေ့ လာလို့   ၇ှယ်ပေးလိုက်ပါတယ် လွယ်လွယ်ကူကူနဲ့ FlashBoot Mode , Recovery Mode, Download Mode,
 Reset Gmail,Bypass Pattern Lock,Wipe Data,Root,Unroot,Apk Install,စသည့်တို့ အပြင် တစ်ခြာလုပ်ဆောင်ချက်တောတောများကို အလွယ်တစ်ကူ လုပ်ဆောင်နိုင်ပါတယ်

လိုအပ်သူများအောက်ကလင့်မှာဒေါင်းယူလိုက်ပါ

Uni android Tools ကိုဒေါင်းရန်




                                                          အားလုံဆင်ပြေကြပါစေ။   ။

Lenovo S90 ကို အလွယ်တစ်ကူ Root လုပ်နည်း

http://laovoboy.blogspot.com/

အခုနောက်ထွက် lenovo ရဲ့ ဖုန်းသစ်တစ်မျိုးဖြစ်တဲ့ IPhone6 ဒီဇိုင်နဲ့ဆင်တူတဲ့ Lenovo S90 ဖုန်းတွေ ၀ယ်ထားကြပြီ မြန်မာစာသွင်းဖို့ ROOT လုပ်မရသေတဲ့ ဘော်ဒါတွေ အတွက် Root လုပ်နည်းတင်ပေးလိုက်တာပါ  ဒီကောင်ကြ စွယ်စုံရ Root Tools တွေနဲ့မပေါက်ပါဘူ သူအတွက်လောလောဆယ် ပေါက်တဲ့ Root ဖိုင်းလေကို အောက်မှာဒေါင်းယူလိုက်ကြပါ



Root ဖိုင်းကိုဒေါင်းရန်

ရလာတဲ့ zip ဖိုင်းကိုဖြည့်လိုက်ပါ ဒီပုံ အတိုင်ပါ
http://laovoboy.blogspot.com/
အဲထဲမှာ driver ဖိုင်းတွေ ကအစ ပါပါတယ် driver မသွင်းရသေရင်အရင်ဆုံးသွင်းလိုက်ပါ သွင်းနည်းက အများပြာသိကြမှာပါ ပြီရင် ဖုန်းကို ပိတ်လိုက်ပါ ပြီရင် vol up ဖိပြီ usb ကြိုထိုပြီ ချိတ်ဆက်လိုက်ပါ ကွန်ပျူတာက ဖုန်းကိုသိသွားပြီဆိုရင်  Root ဖိုင်းထဲက S90 root နေရာကိုဖွင်လိုက်ပါ
http://laovoboy.blogspot.com/
သူက ဖုန်းကိုသိပြီ သူဟာသူ root လုပ်သွားပါမယ် ပြီရင် ဖုန်းက reboot ကျပြီ ပြန်တက်လာရင်လိုခြင်နေတဲ့ superuser လေ ရောက်နေပါပြီ......


                                              အားလုံးအဆင်ပြေနိုင်ကြပါစေ။  ။

3.4.15

China Tablet Firmware Backup Tool (MTK, Rockchip, Allwinner)


  ဒီ BackupTool လေးထွက်တာတော့်ကြာပါပြီ Service သမားအဖို့အကျိုးဝင်ပါတယ်
 
ယိုးဒယား developer တစ်ယောက် ရေးထားတဲ့ Firmware Backup Tool လေးပါ။
MTK,Allwinner,Rockchip တွေအတွက် Backup လုပ်လို့ ရပါတယ်။
အခြား function အချို့လည်း ပါ ပါတယ်။ 
အောက်မှာဒေါင်းပါ  အသုံးပြုနည်း video ဖိုင်ပါထည့်ထား သည်
အဆင်ပြေပါစေ။   ။